စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တုန်ဟုန်းကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အဖိုးနှင့် ၃ နှစ်အရွယ် ၎င်း၏မြေးလေးတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိထားကြောင်း သိရသည်။

ဇူလိုင် ၂ ရက် ယနေ့နံနက် ၉ နာရီခွဲတွင် ဒေါ့ဖုန်းယန်မှ ခယာဘွမ်လမ်းမပေါ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများကို တုန်ဟုန်း ကျေးရွာအနီး မန့်ဆိုင်းလမ်းကွေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရီမုတ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက သေနတ်ရမ်းသမ်းပစ်ခတ်ချိန် ယခုလို ထိခိုက်သွားခဲ့ခြင်းဖြစ်သည်။

“မိုးလဲချောင်းနားမှာ လယ်လုပ်ပြီးနေနေတဲ့ မြေးအဘိုးနှစ်ယောက် ထိသွားတယ်။ ဗုံးပေါက်တာကတော့ ၉ နာရီခွဲလောက်မှာ ၂ ကြိမ်ဟုတ်တယ်” ဟု နီးစပ်ရာ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အသက် ၆၀ ကျော်အရွယ်အဖိုး၏ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး၊ ၃ နှစ်အရွယ် မြေးလေး၏လက်တွင် ဒဏ်ရာရရှိထားသည်ဟု သိရသည်။

ယနေ့နံနက် မိုးမလင်းမှီကစပြီး စစ်ကောင်စီတပ်သားများသည် ဒေါ့ဖုန်းယန်မှ ခယာဘွမ်အထိ လမ်းမပေါ်နှင့် ကျေးရွာများတွင် စစ်အင်အားအများအပြား ပြန်လည်ချထားသည်ကိုတွေ့ရကြောင်း ဒေသခံများပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင်လည်း လိုင်ဇာမြို့အနီး ခယာဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ရိက္ခာပို့ရန် လမ်းကြောင်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော်အသုံးပြုကာ လုံခြုံရေးယူပေးခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။

ယနေ့နံနက် စစ်ကောင်စီတပ်သားများကို KIA က ရီမုတ်မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုကို အသေးစိတ် မသိရသေးပါ။

 
 

 

 

ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...