သပိတ်တွင်ပါဝင်သည်ဟုစွပ်စွဲကာ မိုးညှင်းမြို့မှလူငယ်တစ်ဦအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

သပိတ်တွင်ပါဝင်သည်ဟုစွပ်စွဲကာ မိုးညှင်းမြို့မှလူငယ်တစ်ဦအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် လူငယ်အကဆရာတစ်ဦးအား ယမန်နေ့ သပိတ်စစ်ကြောင်းတွင် ပါဝင်သည်ဟုစွပ်စွဲကာ အကသင်နေသည့်နေရာမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"ကျနော်တို့ ကြားရသလောက်တော့ ရဲနဲ့စစ်သားကား နှစ်စီးလောက်နဲ့ အကသင်နေတဲ့ မြို့မရပ်ကွက်ကနေ ဖမ်းသွားတယ်လို့ သိရတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံသူမှာ မောင်ဝေယံမျိုး (ခ) မျိုးမျိုးဖြစ်သည်။

ထို့ပြင် ဇွန်လ ၂၃ ရက်ညတွင်လည်း စစ်ကောင်စီတပ်မှ မိုးညှင်းမြို့ပေါရှိ အချို့ရပ်ကွက်များတွင် သေနတ်များပစ်ဖောက်ကာ ပြည်သူများ၏ နေအိမ်သို့ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမူများပြုလုပ်ပြီး ပြည်သူ ၃ ဦးခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

ဒေသခံအချို့၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသူများ ပြန်လည်လွှတ်မြောက်လာပြီဟု ပြောဆိုနေမှုအပေါ် အတည်ပြုနိုင်ရန် KNG သတင်းဌာနမှ စုံစမ်းနေဆဲဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...