သပိတ်တွင်ပါဝင်သည်ဟုစွပ်စွဲကာ မိုးညှင်းမြို့မှလူငယ်တစ်ဦအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

သပိတ်တွင်ပါဝင်သည်ဟုစွပ်စွဲကာ မိုးညှင်းမြို့မှလူငယ်တစ်ဦအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွား

ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် လူငယ်အကဆရာတစ်ဦးအား ယမန်နေ့ သပိတ်စစ်ကြောင်းတွင် ပါဝင်သည်ဟုစွပ်စွဲကာ အကသင်နေသည့်နေရာမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"ကျနော်တို့ ကြားရသလောက်တော့ ရဲနဲ့စစ်သားကား နှစ်စီးလောက်နဲ့ အကသင်နေတဲ့ မြို့မရပ်ကွက်ကနေ ဖမ်းသွားတယ်လို့ သိရတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံသူမှာ မောင်ဝေယံမျိုး (ခ) မျိုးမျိုးဖြစ်သည်။

ထို့ပြင် ဇွန်လ ၂၃ ရက်ညတွင်လည်း စစ်ကောင်စီတပ်မှ မိုးညှင်းမြို့ပေါရှိ အချို့ရပ်ကွက်များတွင် သေနတ်များပစ်ဖောက်ကာ ပြည်သူများ၏ နေအိမ်သို့ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမူများပြုလုပ်ပြီး ပြည်သူ ၃ ဦးခန့် ဖမ်းဆီးခံရကြောင်း သိရသည်။

ဒေသခံအချို့၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသူများ ပြန်လည်လွှတ်မြောက်လာပြီဟု ပြောဆိုနေမှုအပေါ် အတည်ပြုနိုင်ရန် KNG သတင်းဌာနမှ စုံစမ်းနေဆဲဖြစ်သည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...