Published
Thursday, June 24, 2021
ဗလမင်းထင်တံတား စုပေါင်းဂိတ်ပစ်ခတ်မှုတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ
ယမန်နေ့ည မြစ်ကြီးနား-ဝိုင်းမော်မြို့ ဗလမင်းထင်တံတား စုပေါင်းဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
"အတွင်းသတင်းဆိုတော့ ကျမလည်း အားလုံးတော့မသိဘူး။ ဒါပေမယ့် ရဲ ၂ ယောက်တော့ ထိထားတယ်လို့သိရတယ်" ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးထံမှ သိရသည်။
စုပေါင်းဂိတ်တွင်ရှိသော ရဲနှင့်မိသားစုများကို စစ်ကောင်စီတပ်များက စစ်ကားများဖြင့် လာခေါ်ဆောင်သွားပြီး မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ယာယီရွှေ့ပြောင်းထားကြောင်းလည်း သူကဆက်ဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။







