ဗလမင်းထင်တံတား စုပေါင်းဂိတ်ပစ်ခတ်မှုတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

ဗလမင်းထင်တံတား စုပေါင်းဂိတ်ပစ်ခတ်မှုတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရ

ယမန်နေ့ည မြစ်ကြီးနား-ဝိုင်းမော်မြို့ ဗလမင်းထင်တံတား စုပေါင်းဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် ရဲတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

"အတွင်းသတင်းဆိုတော့ ကျမလည်း အားလုံးတော့မသိဘူး။ ဒါပေမယ့် ရဲ ၂ ယောက်တော့ ထိထားတယ်လို့သိရတယ်" ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးထံမှ သိရသည်။

စုပေါင်းဂိတ်တွင်ရှိသော ရဲနှင့်မိသားစုများကို စစ်ကောင်စီတပ်များက စစ်ကားများဖြင့် လာခေါ်ဆောင်သွားပြီး မြစ်ကြီးနား အမှတ် (၁) ရဲစခန်းတွင် ယာယီရွှေ့ပြောင်းထားကြောင်းလည်း သူကဆက်ဆိုသည်။

ဇွန်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...