ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို KIA မှ သွားရောက်ပစ်ခတ်

ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို KIA မှ သွားရောက်ပစ်ခတ်

ယနေ့ည မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းတံတား စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အသေးစိတ်တော့မသိသေးဘူး။ တပ်ရင်း ၃ က သွားပစ်တယ်လို့တော့ကြားပြီ” ဟု KNG ကို အတည်ပြုပြောဆိုခဲ့သည်။

ည ၈ နာရီဝန်းကျင် စုပေါင်းဂိတ်တွင် ပြင်းထန်သောပေါက်ကွဲမှုစဖြစ်ခဲ့ပြီးနောက် ဗလင်းမင်းထင်တံတားစောင့် စစ်တပ်ဘက်ကလည်း သေနတ်အသေးနဲ့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်သောလက်နက်ကြီးများ မည်သည့်နေရာတွင်ကျရောက်သည်ကို မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားရာ စုပေါင်းဂိတ်အနီးတွင်ရှိသော မိုင်းနားစစ်ရှောင်စခန်းမှ ပြည်သူများမှာ သေနတ်ပစ်ခတ်သံများကြောင့် အထုတ်အပိုးပြင်ကာ ထွက်ပြေးရန် အဆင်သင့်ရှိခဲ့ကြောင်း စစ်ရှောင်များပြောပြလာသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...