ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို KIA မှ သွားရောက်ပစ်ခတ်

ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို KIA မှ သွားရောက်ပစ်ခတ်

ယနေ့ည မြစ်ကြီးနား-ဝိုင်းမော် ဗလမင်းတံတား စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ အဖွဲ့က သွားရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အသေးစိတ်တော့မသိသေးဘူး။ တပ်ရင်း ၃ က သွားပစ်တယ်လို့တော့ကြားပြီ” ဟု KNG ကို အတည်ပြုပြောဆိုခဲ့သည်။

ည ၈ နာရီဝန်းကျင် စုပေါင်းဂိတ်တွင် ပြင်းထန်သောပေါက်ကွဲမှုစဖြစ်ခဲ့ပြီးနောက် ဗလင်းမင်းထင်တံတားစောင့် စစ်တပ်ဘက်ကလည်း သေနတ်အသေးနဲ့ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။

စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်သောလက်နက်ကြီးများ မည်သည့်နေရာတွင်ကျရောက်သည်ကို မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားရာ စုပေါင်းဂိတ်အနီးတွင်ရှိသော မိုင်းနားစစ်ရှောင်စခန်းမှ ပြည်သူများမှာ သေနတ်ပစ်ခတ်သံများကြောင့် အထုတ်အပိုးပြင်ကာ ထွက်ပြေးရန် အဆင်သင့်ရှိခဲ့ကြောင်း စစ်ရှောင်များပြောပြလာသည်။

 
 

 

 

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...