ရွှေကူတွင် PDF မသင်္ကာသူများကို အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ

ရွှေကူတွင် PDF မသင်္ကာသူများကို အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ

ရွှေကူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ဟု မသင်္ကာသူများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ကလည်း ရွှေကူ PDF နှင့် ဆက်စပ်သည်ဟု ယူဆရသူများ၏ အိမ်ထောင်စုစာရင်းများကိုင်ဆောင်ကာ လိုက်လံဖမ်းဆီးနေသောကြောင့် ပြည်သူ ၁၀ ယောက်ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“သူတို့က သတင်းရထားပြီးတော့ အဆက်အစပ်ရှိတဲ့ လူနေအိမ်တွေပဲ လိုက်စစ်နေတယ်။ တစ်ချို့အိမ်တွေဆို အိမ်ထောင်စုစာရင်းတွေ ပြခိုင်းတယ်။ မနေ့ကနဲ့ ဒီနေ့ဆို ဖမ်းဆီးခံရတဲ့သူတွေက ၂၀ ဝန်းကျင်လောက်တော့ရှိသွားပြီ။ ဘာကြောင့်လဲဆိုတော့ တစ်အိမ်မှာ တစ်ယောက်ထဲဖမ်းတာမဟုတ်ဘူး။ သူတို့က ဆက်စပ်တဲ့ မိသားစုအလိုက် အားလုံးကို ခေါ်သွားတာ ဟုတ်” ဟု ပြောဆိုသည်။

ရွှေကူမြို့မရဲစခန်းနှင့် စစ်တပ်၏ ရိက္ခာသယ်သင်္ဘောများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရသောကြောင့် ယခုလို မသင်္ကာမှုဖြင့် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူတစ်ချို့ကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး တစ်ချို့ကို စစ်တပ်ထဲတွင် ဖမ်းဆီးထားကြောင်း သူကဆက်ဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နေအိမ်တစ်ခုကို ဝင်ရောက်စစ်ဆေးရာတွင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး၊ ယနေ့ ဇွန်လ ၁၄ ရက်တွင်လည်း နောက်ထပ် ၁၀ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ရွှေကူမြို့မရဲစခန်းသည် ပြီးခဲ့သော ဇွန်လ ၄ ရက်နှင့် ၉ ရက်နေ့များတွင် တိုက်ခိုက်ခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောလည်း ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခံခဲ့ရသည်။

ထိုသို့ ဇွန်လ ၄ ရက်နေ့ည မြို့မရဲစခန်းကို တိုက်ခိုက်မှုမှာ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် SPDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SPDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...