ရွှေကူတွင် PDF မသင်္ကာသူများကို အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ

ရွှေကူတွင် PDF မသင်္ကာသူများကို အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံဖမ်းဆီးနေ

ရွှေကူမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ဟု မသင်္ကာသူများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များက အိမ်ထောင်စုစာရင်းနှင့်တကွ လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

ဇွန်လ ၁၃ ရက်နေ့ကလည်း ရွှေကူ PDF နှင့် ဆက်စပ်သည်ဟု ယူဆရသူများ၏ အိမ်ထောင်စုစာရင်းများကိုင်ဆောင်ကာ လိုက်လံဖမ်းဆီးနေသောကြောင့် ပြည်သူ ၁၀ ယောက်ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“သူတို့က သတင်းရထားပြီးတော့ အဆက်အစပ်ရှိတဲ့ လူနေအိမ်တွေပဲ လိုက်စစ်နေတယ်။ တစ်ချို့အိမ်တွေဆို အိမ်ထောင်စုစာရင်းတွေ ပြခိုင်းတယ်။ မနေ့ကနဲ့ ဒီနေ့ဆို ဖမ်းဆီးခံရတဲ့သူတွေက ၂၀ ဝန်းကျင်လောက်တော့ရှိသွားပြီ။ ဘာကြောင့်လဲဆိုတော့ တစ်အိမ်မှာ တစ်ယောက်ထဲဖမ်းတာမဟုတ်ဘူး။ သူတို့က ဆက်စပ်တဲ့ မိသားစုအလိုက် အားလုံးကို ခေါ်သွားတာ ဟုတ်” ဟု ပြောဆိုသည်။

ရွှေကူမြို့မရဲစခန်းနှင့် စစ်တပ်၏ ရိက္ခာသယ်သင်္ဘောများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရသောကြောင့် ယခုလို မသင်္ကာမှုဖြင့် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူတစ်ချို့ကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး တစ်ချို့ကို စစ်တပ်ထဲတွင် ဖမ်းဆီးထားကြောင်း သူကဆက်ဆိုသည်။

ဇွန်လ ၁၃ ရက်နေ့ နေအိမ်တစ်ခုကို ဝင်ရောက်စစ်ဆေးရာတွင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး၊ ယနေ့ ဇွန်လ ၁၄ ရက်တွင်လည်း နောက်ထပ် ၁၀ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။

ရွှေကူမြို့မရဲစခန်းသည် ပြီးခဲ့သော ဇွန်လ ၄ ရက်နှင့် ၉ ရက်နေ့များတွင် တိုက်ခိုက်ခံခဲ့ရပြီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်သင်္ဘောလည်း ၅ ကြိမ်ထက်မနည်း ပစ်ခတ်ခံခဲ့ရသည်။

ထိုသို့ ဇွန်လ ၄ ရက်နေ့ည မြို့မရဲစခန်းကို တိုက်ခိုက်မှုမှာ ရွှေကူ ပြည်သူ့ကာကွယ်ရေးတပ် SPDF နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SPDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...