ထုတ်ပယ်ခံ FDA ဦးစီးအရာရှိ ၈၀ ဦးတွင် မွန်ပြည်နယ်က ၄ ဦးပါဝင်

ထုတ်ပယ်ခံ FDA ဦးစီးအရာရှိ ၈၀ ဦးတွင် မွန်ပြည်နယ်က ၄ ဦးပါဝင်

စစ်အုပ်စုမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရှိ ဦးစီးအရာရှိဝန်ထမ်း ၈၀ ဦးကို ထုတ်ပယ်ခဲ့ရာ မွန်ပြည်နယ်မှာ ၄ ဦးပါဝင်ခဲ့သည်။

ယင်း (၄) ဦးကို အလုပ်မှထုတ်ပယ်ကြောင်း ဖော်ပြထားသည့်နေ့မှာ စစ်အုပ်စုမှ မြန်မာနိုင်ငံကိုအာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁) ရက်နေ့လည်းဖြစ်ပြီး မည်သည့်အစိုးရဝန်ထမ်းကမှ CDM မလုပ်သေးသည့်နေ့မှာတွင်ပင် ထုတ်ပယ်ကြောင်း စာရင်းဖော်ပြချက်အရ သိရသည်။

ထုတ်ပယ်ခံ ၄ ဦးထဲတွင် သုံးဦးကိုလည်း ကိုဗစ်ကာလအစိုးရမှ ဝန်ထမ်းများကို အတိုးမဲ့ချေးထားပေးသည့် လစာ (၂) လစာကို ပြန်ပေးသွင်းရန်ဟု မှတ်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကမှ ယင်းချေးငွေကို ပြန်တပ်စရာမလိုသည့် ချေးငွေအဖြစ် သတ်မှတ်ထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် CDM လုပ်ထားသည့် ဝန်ထမ်းများစွာကို စစ်အုပ်စုမှ ရာထူးက ထုတ်ပယ်နေသလို မတရားဖမ်းဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်နေခဲ့သည်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...