ထုတ်ပယ်ခံ FDA ဦးစီးအရာရှိ ၈၀ ဦးတွင် မွန်ပြည်နယ်က ၄ ဦးပါဝင်

ထုတ်ပယ်ခံ FDA ဦးစီးအရာရှိ ၈၀ ဦးတွင် မွန်ပြည်နယ်က ၄ ဦးပါဝင်

စစ်အုပ်စုမှ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရှိ ဦးစီးအရာရှိဝန်ထမ်း ၈၀ ဦးကို ထုတ်ပယ်ခဲ့ရာ မွန်ပြည်နယ်မှာ ၄ ဦးပါဝင်ခဲ့သည်။

ယင်း (၄) ဦးကို အလုပ်မှထုတ်ပယ်ကြောင်း ဖော်ပြထားသည့်နေ့မှာ စစ်အုပ်စုမှ မြန်မာနိုင်ငံကိုအာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁) ရက်နေ့လည်းဖြစ်ပြီး မည်သည့်အစိုးရဝန်ထမ်းကမှ CDM မလုပ်သေးသည့်နေ့မှာတွင်ပင် ထုတ်ပယ်ကြောင်း စာရင်းဖော်ပြချက်အရ သိရသည်။

ထုတ်ပယ်ခံ ၄ ဦးထဲတွင် သုံးဦးကိုလည်း ကိုဗစ်ကာလအစိုးရမှ ဝန်ထမ်းများကို အတိုးမဲ့ချေးထားပေးသည့် လစာ (၂) လစာကို ပြန်ပေးသွင်းရန်ဟု မှတ်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကမှ ယင်းချေးငွေကို ပြန်တပ်စရာမလိုသည့် ချေးငွေအဖြစ် သတ်မှတ်ထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် CDM လုပ်ထားသည့် ဝန်ထမ်းများစွာကို စစ်အုပ်စုမှ ရာထူးက ထုတ်ပယ်နေသလို မတရားဖမ်းဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်နေခဲ့သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...