စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၃) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၃) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၃) ဦးရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။

ယင်းသုံးဦးစလုံးမှာ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့ပြီးနောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဇွန်လ (၁၀) ရက်နေ့တွင် အသက် (၆၈) နှစ်အရွယ်လူနာတစ်ဦး သေဆုံးခဲ့ပြီး ဒီကနေ့ ဇွန်လ (၁၄) ရက်နေ့ မနက်တွင် အသက် (၆၁) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မွန်းလွဲပိုင်းမှာတော့ အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ဆေးရုံမှာ ဆက်လက်ကုသနေတယ်လို့ သိရပါတယ်။

“တရားဝင်သေဆုံးသူလို့ ပြောတာက (၃) ဦးဆိုပေမယ့် အပြင်မှာ ဒီထက်ပိုများတဲ့ သေဆုံးသူတွေရှိနေနိုင်ပါတယ်” ဟု ကိုဗစ်ကာကွယ်ရေးလုပ်ငန်းအတွေ့အကြုံရှိတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သလေလာက်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်အုပ်စုရဲ့ ကွာရန်တင်းစခန်းတွေ ပြင်ဆင်ထားမှု၊ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်မှုနှင့်ပတ်သက်ပြီး အများက ဝေဖန်နေကြပါတယ်။

 
 

 

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...