စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၃) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ (၃) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၃) ဦးရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေက တဆင့်သိရပါတယ်။

ယင်းသုံးဦးစလုံးမှာ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့ပြီးနောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဇွန်လ (၁၀) ရက်နေ့တွင် အသက် (၆၈) နှစ်အရွယ်လူနာတစ်ဦး သေဆုံးခဲ့ပြီး ဒီကနေ့ ဇွန်လ (၁၄) ရက်နေ့ မနက်တွင် အသက် (၆၁) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မွန်းလွဲပိုင်းမှာတော့ အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ဆေးရုံမှာ ဆက်လက်ကုသနေတယ်လို့ သိရပါတယ်။

“တရားဝင်သေဆုံးသူလို့ ပြောတာက (၃) ဦးဆိုပေမယ့် အပြင်မှာ ဒီထက်ပိုများတဲ့ သေဆုံးသူတွေရှိနေနိုင်ပါတယ်” ဟု ကိုဗစ်ကာကွယ်ရေးလုပ်ငန်းအတွေ့အကြုံရှိတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေ ရပ်တန့်သလေလာက်ဖြစ်ခဲ့ပြီး လက်ရှိမှာ စစ်အုပ်စုရဲ့ ကွာရန်တင်းစခန်းတွေ ပြင်ဆင်ထားမှု၊ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်မှုနှင့်ပတ်သက်ပြီး အများက ဝေဖန်နေကြပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...