လွိုင်ကော်မြို့တွင် လက်နက်ကြီးထိမှန်မှုကြောင့် လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

လွိုင်ကော်မြို့တွင် လက်နက်ကြီးထိမှန်မှုကြောင့် လူငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ယမန်နေ့ (ဇွန်လ ၉ ရက်) နေ့ ည ၈ နာရီခွဲအချိန်ကစပြီး ၁၀ နာရီဝန်းကျင်အထိ လွိုင်ကော်မြို့တွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် နမ့်ဘော်ဝမ်ရပ်ကွက်အတွင်း နေအိမ်တလုံးထိမှန်ပြီး အိမ်ထဲရှိလူငယ်တစ်ဦး လက်နက်ကြီးထိမှန်ကာ နေအိမ်အတွင်းရှိတဲ့ အသက် ၂၀ ဝန်းကျင်လူငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့လည်း လက်နက်ကြီးအပိုင်းအစ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင်း နမ့်ဘော်ဝမ်ရပ်ကွက်၊ ဧက ၅၀၀၊ စစ်ဆေးရုံ၊ ရေနီကန်အနီးတစ်ဝိုက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖွဲ့က အပြန်အလှန်ပစ်ခတ်မှု ဖြစ်နိုင်တယ်လို့ လွိုင်ကော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

"၈ နာရီကျော်မှာပေါ့ ပစ်ခတ်မှုတွေ စကြားတာပဲ။ တစ်ဖက်ထဲပစ်နေတာတော့မဟုတ်ဘူး၊ တစ်ဖက်ကပစ်တာကို အခြားတစ်ဖက်က ပြန်ပြီးပစ်တဲ့အသံမျိုးပဲ။ လက်နက်ကြီးသံလည်းကြားတယ်၊ တော်တော်ပြင်းတယ်၊ အိမ်တောင်တုန်တယ်။ သေနတ်သံကတော့ပြောမနေနဲ့ အချက်ရေများတယ်။ ညအချိန်ဆိုတော့ အပြင်လည်းထွက်မကြည့်ရဲဘူးလေ။ ပစ်တာတော့ တော်တော်ပစ်နေကြတာပဲ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယခုပစ်ခတ်မှုသည် လွိုင်ကော် - လောပီတ လမ်းမကြီးဘေးက စစ်ကောင်စီတပ်ဖြစ်တဲ့ ၅၄ တပ်ရင်းက ပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...