အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့် ဆီးဘူးဒေသကနေ ဒီးမော့ဆိုလမ်းကြောင်းအတိုင်း ဦးတည်ပြီး ခရီးဆက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့် ဆီးဘူးဒေသကနေ ဒီးမော့ဆိုလမ်းကြောင်းအတိုင်း ဦးတည်ပြီး ခရီးဆက်နေ

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့်က ကယန်းပြည်သစ်ဌာနချုပ်တည်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသကိုကျော်ဖြတ်ပြီး ဒီမော့ဆိုလမ်းကြောင်းအတိုင်း ခြေလျင်ဖြင့် ခရီးဆက်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားအင်အား (၃၀) ဝန်းကျင်ခန့်ပါတဲ့ ဒန်ဘာကားတစ်စီးနဲ့ ကားအဖြူအသေးတစ်စီက ဦးစွာ ရှေ့ပြေးအနေနဲ့ ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းကိုဦးတည်ပြီး ဆင်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“တစ်ချို့တောင် ဆီးဘူးကျော်နေပြီ လမ်းလျှောက်သွားကြတယ် အများကြီးပဲ။ သူတို့ကားလည်းပါတယ်။ အကုန်မတက်လာလောက်သေးဘူးထင်တယ်။ ယာဒိုမှာ တပ်စွဲထားတဲ့တပ်က မနက်အစောပိုင်း ကားဒန်ဘာတစ်စီးနဲ့ အင်အား ၃၀ လောက်နဲ့ ဒိုင်ဘာကားက ရှေ့ပြေးအနေနဲ့ တက်သွားတယ် သူတို့ကို ကားအဖြူအငယ်တစ်စီးက လိုက်ပို့လမ်းရှင်းပေးနေတာ။ ခု ခြေလျင်နဲ့ ဦးရေ ၃၀၀ ကျော်တယ် ရိက္ခာတင်ကား ၇ စီးပါတယ်။ ဆီးဘူးကိုဖြတ်သွားတာ ရွာပြင်မှာနားသေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ လူအင်အား ၃၀၀ ကျော်နဲ့ ရိက္ခာအပြည့်ပါတဲ့ စစ်ကားအစီး (၂၀) ကျော်က တောင်ငူမြို့ဖက်ကနေ ဇွန်လ ၇ ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သို-သောက်ရေခပ်-ယာဒိုလမ်းအတိုင်း ဆင်းလာပြီး ဇွန်လ ၇ ရက်နေ့ညမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တောင်ငူခရိုင် တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်းဖြစ်တဲ့ ယာဒိုကျေးရွာမှာ တစ်ညတပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၈ ရက်နေ့ညမှာတော့ ကယန်းပြည်သစ်ဌာနချုပ်တည်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသအနီးတစ်ဝိုက်မှာ တစ်ည တပ်စွဲနားခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် ခန့်မှန်းအင်အား ၄၀၀ ခန့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဖက်မှ ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးကျေးရွာကို ဖြတ်ပြီး ကရင်နီ (ကယား) ပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်လာနေပြီလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် အင်အားအများအပြားက တပ်စွဲလာမှုကြောင့် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေတဲ့အတွက် နယ်မြေဒေသခံအချို့မှာ ကြိုတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...