မိုးဗြဲတွင် အကြမ်းဖက်စစ်ကောင်စီမှ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဒီကနေ့ ဇွန်လ ၆ ရက်နေ့ ည ၇ နာရီ ဝန်းကျင်အချိန်မှာ လက်နက်ကြီးတွေကို အဆက်မပြတ် အသုံးပြုပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

မိုးဗြဲဒေသခံတစ်ဦးက "သူတို့က လက်နက်ကြီးတွေနဲ့ပစ်ခတ်တယ်၊ မနက် ၆ နာရီဝန်းကျင်ကနေ ည ၇ နာရီအထိ။ ပီးတော့ မြို့တွင်းကအိမ်တွေကို လိုက်ရှို့တယ်၊ မီးတောက်တော့ကြီးတယ်၊ ဘယ်နှစ်လုံးလောင်တာလည်း အတိအကျမသိသေးဘူး။ လမ်းမကြီးက ကုန်စုံဆိုင်ကြီးငယ်မကျန်လိုက်ဖောက်တယ်၊ ပိုက်ဆံတွေယူ လိုက်မွေပြီး အိမ်မီးရှို့တယ်။ ပြည်သူတွေရဲ့ချွေးနဲစာနဲ့ အသက်ရင်းနှီးမြုပ်နှံထားတဲ့အိမ်တွေကို အကြောင်းမဲ့မီးရှို့ခြင်းရပ်ပေးပါလို့ ပြောချင်ပါတယ်" လို့ ပြောပါတယ်။

ယနေ့ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းမှာ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လည်တည်ငြိမ်သွားခဲ့ပေမယ့် ညနေပိုင်းမှာ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဥ်ပစ်ခတ်နေသလို ပြည်သူ့နေအိမ်မီးရှို့တာတွေ ကုန်ဆုံဆိုင်နဲ့ နေအိမ်တွေကိုဖောက်ပြီး ပစ္စည်းယူဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက အင်အားအများအပြားနဲ့ တပ်စွဲထားပြီး လမ်းသွားလမ်းလာပြည်သူအချို့ကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးမှုလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူအချို့ကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတာတွေလည်း ရှိပါတယ်။

"မိုးဗြဲ ပြည်သူလူထုကြီးခင်ဗျာ... မိမိအသက်လုံခြုံရေးကို ပထမဦးစားပေးပါ။ သင်တို့ရဲ့ ဆုံးရှုံးနစ်နာမှု အသေးအမွှားကမှအစ ကျွန်ုပ်တို့ အင်မတန် စိတ်မကောင်းဖြစ်ရပြီး ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ ကိုယ်စီလုပ်နိုင်စွမ်းတွေနဲ့ အားတင်းထားစို့လား...။ မိုးဗြဲပြည်သူလူထုကြီးအတွက် ကျွန်ုပ်တို့ ဆက်လက်ကြိုးစားပြီး တိုက်ပွဲဝင်ပါ့မယ်" လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် သတင်းနှင့်ပြန်ကြားရေးက ဇွန်လ ၆ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နေ့စဥ် မိုးဗြဲမြို့နဲ့ ဒီးမော့ဆိုမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ်တွေထိခိုက်ပျက်စီးမှု အများအပြားရှိနေပြီလို့ သိရပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...