KIA နှင့် ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးထား

KIA နှင့် ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးထား

ကချင်ပြည်နယ်၊ ချီဖွေမြို့စစ်ရှောင်စခန်း ၂ တွင်နေထိုင်သည့် မူကြိုဆရာမတစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်အသွယ်ရှိသည်ဟု တိုင်တန်းထားသူရှိသည့်အတွက် ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။

”သူ့အိမ်နားက မိန်းကလေး ၂ ယောက်က KIA ဘက် ဝင်သွားတာကို မိဘတွေ‌က အဲဆရာမ ဆက်သွယ်ပေးလို့ဆိုပြီး တိုင်ထားတဲ့သဘောမှာရှိတယ်။ အဲကြောင့်လာဖမ်းသွားတယ်လို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် အသက် ၄၀ အရွယ်ရှိ ဒေါ်လဘောင်ခေါညွယ်သည် ဇန်နောင်ယန် မူကြိုကျောင်းမှ မူကြိုဆရာမဖြစ်ပြီး သားသမီး ၄ ဦး မိခင်ဖြစ်ကာ ဖမ်းဆီးခံရချိန် အငယ်ဆုံးသားငယ်ကိုပါ ခေါသွားကြောင်း သိရသည်။

“လာဖမ်းတာတော့ အဲဆရာမတစ်ယောက်ကိုဘဲ ဖမ်းတာဟုတ်တယ် ကလေးတော့ မဖမ်းဘူး။ ဒါပေမယ့် ကလေးကလည်း ငယ်သေးတယ် ၃ နှစ်ကျော်ဘဲရှိသေးတော့ သူ့အမေမခွဲနိုင်လို့ ခေါ်သွားတာဟုတ်တယ်။ သားအမိနှစ်ယောက်စလုံး ဖမ်းတာတော့မဟုတ်ဘူး” ဟု အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ KIA ဘက်သို့ ဝင်သွားသည့် မိန်းကလေး ၂ ဦးသည် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်သွားခြင်းသာဖြစ်သောကြောင့် ဆရာမဒေါလဘောင်ခေါညွယ်နှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။

ဆရာမလဘောင်ဒေါခေါညွယ်ကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ရဲနဲ့စစ်သား အင်အား ၂၀ ခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိ ချီဖွေရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ချီဖွေဒေသသည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့တို့ အားကောင်းသောကြောင့် KIA နှင့် ဆက်သွယ်သည်ဟု ယူဆရသောသူများကို ဖမ်းဆီးမှုများရှိနေသလို၊ စစ်ရှောင်များကိုလည်း ပြည်သူ့စစ်မလုပ်မနေရ ဖိအားပေးမှုများရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်အနှံ တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဒေသဖြစ်သော ချီဖွေ၊ ပန်ဝါ ဒေသများတွင် ယနေ့ချိန်ထိ ပစ်ခတ်မှုမရှိသေးကြောင်း သိရသည်။

Photo: ဖမ်းဆီးခံရသော ဒေါ်လဘောင်ခေါညွယ်

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...