KIA နှင့် ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးထား

KIA နှင့် ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးထား

ကချင်ပြည်နယ်၊ ချီဖွေမြို့စစ်ရှောင်စခန်း ၂ တွင်နေထိုင်သည့် မူကြိုဆရာမတစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်အသွယ်ရှိသည်ဟု တိုင်တန်းထားသူရှိသည့်အတွက် ဇွန်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။

”သူ့အိမ်နားက မိန်းကလေး ၂ ယောက်က KIA ဘက် ဝင်သွားတာကို မိဘတွေ‌က အဲဆရာမ ဆက်သွယ်ပေးလို့ဆိုပြီး တိုင်ထားတဲ့သဘောမှာရှိတယ်။ အဲကြောင့်လာဖမ်းသွားတယ်လို့ သိရတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် အသက် ၄၀ အရွယ်ရှိ ဒေါ်လဘောင်ခေါညွယ်သည် ဇန်နောင်ယန် မူကြိုကျောင်းမှ မူကြိုဆရာမဖြစ်ပြီး သားသမီး ၄ ဦး မိခင်ဖြစ်ကာ ဖမ်းဆီးခံရချိန် အငယ်ဆုံးသားငယ်ကိုပါ ခေါသွားကြောင်း သိရသည်။

“လာဖမ်းတာတော့ အဲဆရာမတစ်ယောက်ကိုဘဲ ဖမ်းတာဟုတ်တယ် ကလေးတော့ မဖမ်းဘူး။ ဒါပေမယ့် ကလေးကလည်း ငယ်သေးတယ် ၃ နှစ်ကျော်ဘဲရှိသေးတော့ သူ့အမေမခွဲနိုင်လို့ ခေါ်သွားတာဟုတ်တယ်။ သားအမိနှစ်ယောက်စလုံး ဖမ်းတာတော့မဟုတ်ဘူး” ဟု အမည်မဖော်လို ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ KIA ဘက်သို့ ဝင်သွားသည့် မိန်းကလေး ၂ ဦးသည် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်သွားခြင်းသာဖြစ်သောကြောင့် ဆရာမဒေါလဘောင်ခေါညွယ်နှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။

ဆရာမလဘောင်ဒေါခေါညွယ်ကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ရဲနဲ့စစ်သား အင်အား ၂၀ ခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိ ချီဖွေရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ချီဖွေဒေသသည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့တို့ အားကောင်းသောကြောင့် KIA နှင့် ဆက်သွယ်သည်ဟု ယူဆရသောသူများကို ဖမ်းဆီးမှုများရှိနေသလို၊ စစ်ရှောင်များကိုလည်း ပြည်သူ့စစ်မလုပ်မနေရ ဖိအားပေးမှုများရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်အနှံ တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဒေသဖြစ်သော ချီဖွေ၊ ပန်ဝါ ဒေသများတွင် ယနေ့ချိန်ထိ ပစ်ခတ်မှုမရှိသေးကြောင်း သိရသည်။

Photo: ဖမ်းဆီးခံရသော ဒေါ်လဘောင်ခေါညွယ်

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...