ကရင်နီပြည်နယ်ရဲ့ လူဦးရေ လေးပုံတစ်ပုံ စစ်ဘေးရှောင်နေရ

ကရင်နီပြည်နယ်ရဲ့ လူဦးရေ လေးပုံတစ်ပုံ စစ်ဘေးရှောင်နေရ

ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ အမြောက်တွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ (စစ်လေးရှောင်လူဦးရေ) ဟာ ပြည်နယ်ရဲ့ လေးပုံတစ်ပုံရှိနေပြီလို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ Humanitarian Focal က ပြောပါတယ်။

“ကယားပြည်ယ်ရဲ့ လူဦးရေက လေးသိန်းကျော်ကျော်လောက်ပဲရှိတယ်။ အခုဟာက ပြည်နယ်မှာရှိတဲ့ လူဦးရေရဲ့ လေးပုံတစ်ပုံက တောထဲရောက်နေပြီ။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ကိုယ့်အားကိုကိုးပြီးတော့မှ ရေရှည် ဘယ်လိုမှ မတောင့်ခံနိုင်တဲ့အတွက်ကြောင့် နိုင်ငံတကာအစိုးရတွေကနေ အများဆုံးစီစဉ်ပေးဖို့ လိုအပ်လာပါပြီ။ ဒါမှသာလျှင် ကျနော်တို့ လူမျိုးစုအပေါ်မှာ ထိခိုက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သေကြေပျက်စီးမှုတွေကို ကျနော်တို့ ကာကွယ်နိုင်မှာဖြစ်ပါတယ်” လို့ သူက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) အနေနဲ့ လက်လှမ်းမီသမျှ ကောက်ယူထားတဲ့စာရင်းအရ ခြောက်သောင်းခွဲရှိနေပြီဖြစ်ပြီး လက်လှမ်းမမီသေးတဲ့ နေရာ၊ မြို့နယ်တွေများစွာ ရှိနေသေးတဲ့အတွက် စုစုပေါင်းမှာ တစ်သိန်းဝန်းကျင်ရှိနေပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူများက ဒီးမော့ဆိုမြို့နယ်မှာ အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးအနေနဲ့ လွိုင်ကော်မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးကို ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရာမှာ သယ်ယူပို့ဆောင်ရေးအခက်အခဲကို အကြီးမားဆုံးရင်ဆိုင်နေရပြီး ငွေကြေးအခက်အခဲအပြင် စစ်ဘေးရှောင်လူထုများက ပြန့်ကျဲနေတဲ့အတွက်လည်း ထောက်ပံ့ရေးမှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။

“စစ်ကောင်စီက သယ်ယူပို့ဆောင်ခွင့်မပေးဘူး။ စစ်ကောင်စီကိုယ်တိုင်က သယ်ယူပို့ဆောင်နေတဲ့လူတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက်ကြောင့် တံတားပျက်ခြင်းတွေနဲ့ မဆိုင်ပါဘူး။ သူတို့ရဲ့ပိတ်ဆို့မှုကြောင့် ကုန်စည်တွေက ပိတ်သွားတယ်” လို့  KSCC ရဲ့ Humanitarian Focal က ပြောပါတယ်။

စစ်ဘေးရှောင်လူထုတွေရဲ့ အဓိကလိုအပ်ချက်ဟာ အစာရေစာဖြစ်ပြီး တစ်ပတ်နှစ်ပတ်အတွင်းသာ ဖူလုံနိုင်တယ်လို့ ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

“အဓိက အစာရေစာပေါ့၊ တချို့ အချိန်ရလို့ သယ်နိုင်သူရှိသလို၊ မသယ်လိုက်ရတဲ့သူတွေရှိတယ်။ ပြန်မယူရဲတဲ့သူလည်းရှိတယ်။ ခုတစ်ပတ်နှစ်ပတ်အတွင်း သိပ်မသိသာပေမဲ့ လနဲ့ချီကြာရင်တော့ ဝယ်မရတဲ့ပြသနာ ရှိလာနိုင်တယ်” လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးဆိုင်ရာကို တိုင်းရင်းသားဆေးတပ်ဖွဲ့နဲ့ အခြားမိတ်အဖွဲ့တွေ ဆောင်ရွက်ပေးနေပေမယ့် ဆေးဝါးက ရက်ပိုင်းအတွက်သာ လုံလောက်မှုရှိနိုင်တယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်လူထုတွေကို စားနပ်ရိက္ခာ၊ ဆေးဝါးတွေကို သယ်ယူပို့ဆောင်ပေးတဲ့နေရာ အကြမ်းဖက်စစ်ကောင်စီအပြင် မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပဲ လွတ်လပ်စွာ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် နိုင်ငံတကာအစိုးရတွေ၊ UN တွေ၊ ICRC စတဲ့ Agency တွေက အမြန်ဆုံး စစ်ကောင်စီကို ဖိအားပေးပြီး IDP စခန်းတွေကို ထူထောင်နိုင်အောင် လုပ်ပေးဖို့အတွက် လိုအပ်တဲ့ဆေးဝါးတွေ၊ စားနပ်ရိက္ခာတွေအပြင်၊ ကျန်းမာရေး၊ ပညာရေးတွေကိုပါ လုပ်ဆောင်ပေးဖို့ KSCC ရဲ့ Humanitarian Focal က တောင်းဆိုသွားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...