ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ့နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ့နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံရ

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ စံပြ ၆ မိုင် ကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာက လူနေအိမ်အချို့ကို စစ်ကောင်စီတပ်က ဇွန်လ ၃ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံဆီကနေ ကြားသိရပါတယ်။

“လှမ်းမြင်ရတယ်လေ အိမ်မီးလောင်တာ ၃ လုံးတော့သေချာတယ်။ ကျတော်တို့ထွက်ပြေးတဲ့ချိန် သူတို့ လိုက်ပစ်သေးတယ် မထိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောင်သပြေကျေးရွာမှာ မီးရှို့ဖျက်ဆီးခံရတာ အနည်းဆုံး ၃ အိမ်ရှိနေပြီး ထပ်မံဖျက်ဆီးခံရနိုင်ကြောင်းနဲ့ ရွာထဲကို ပြန်လာမကြည့်ရဲတော့တဲ့အတွက် ပျက်စီးမှုအတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက “မနေ့က ၆ မိုင်တိုက်ပွဲပြီးတော့ စစ်သားတွေက ရွာထဲကိုဝင်လာတာ၊ ပြီးတော့ ရွာအောက်ဖက်မှာရှိတဲ့ အိမ်တွေကို မီးလိုက်ရှို့တယ်။ ၃ အိမ်လောင်သွားတာတော့ သေချာတယ်။ မီးခိုးတွေတွေ့ရတယ်၊ ရွာမှာကျန်ခဲ့တဲ့သူတွေကိုလည်း လိုက်ပစ်တယ်ကြားတယ်” လို့ ပြောပါတယ်။

ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲပြီးတဲ့နောက် ရွာအတွင်းရှိ လူနေအိမ်တချို့ မီးရှို့ခံရသလို ပစ်ခတ်မှုတွေလည်းရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ရှိ/မရှိ အတည်မပြုနိုင်သေးဘူးလို့ ၎င်းကပြောပါတယ်။

စံပြ ၆ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်က ယမန်နေ့ ညနေပိုင်းမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲထားပြီး လမ်းသွားလမ်းလာပြည်သူအချို့ကိုလည်း ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ (ဇွန်လ ၃ ရက်) နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့အတွက် PDF တစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူလည်းရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...