ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးတွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားလမ်းမကြီးအတိုင်း နွမ်လန့်ကျေးရွာမှ ဒေါ့ဖုန်းယန်ဘက်သို့ တက်လာသော စစ်အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေါ့ဖုန်းယာန်မရောက်မှီ ၃ မိုင်ခန့်အကွာ ဒဂါကျေးရွာတွင် KIA တပ်ရင်း ၁၉ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

“တိုက်ပွဲဖြစ်နေတာ ၂ နာရီလောက်ကြာနေပြီ။ အခုထိဖြစ်နေတုန်းဘဲ။ စစ်သားတွေ ဒေါ့ဖုန်းယာန်ဘက်ကိုတက်လာတာ KIA က ဝင်ပစ်တာဟုတ်တယ်။ လက်နက်ကြီးကော လက်နက်သံတွေ အကုန်ကြားရတယ်။ KIA ကတော့ လမ်းမှာစောင့်ပြီး ဝင်ပစ်တယ်ဆိုတော့ ဗမာစစ်သားဘက် ထိခိုက်ဖို့များတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေပြီး ၂ ဖက်စလုံး ထိခိုက်မှုအသေးစိတ်မသိရသော်လည်း အကြမ်းဖက်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ကြောင်း ဆိုသည်။

အလော့ဘွမ်တောင်ခြေဖြစ်သော ဒေါ့ဖုန်းယန်မြို့အနီးတွင် တိုက်ပွဲမဖြစ်ပဲ ငြိမ်သက်နေသည်မှာ ၁၀ ရက်ခန့်ကြာပြီးနောက် ယခု ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...