ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

ဒေါ့ဖုန်းယန်မြို့အနီး အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့အနီးတွင် ယနေ့ နံနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားလမ်းမကြီးအတိုင်း နွမ်လန့်ကျေးရွာမှ ဒေါ့ဖုန်းယန်ဘက်သို့ တက်လာသော စစ်အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေါ့ဖုန်းယာန်မရောက်မှီ ၃ မိုင်ခန့်အကွာ ဒဂါကျေးရွာတွင် KIA တပ်ရင်း ၁၉ အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောပြသည်။

“တိုက်ပွဲဖြစ်နေတာ ၂ နာရီလောက်ကြာနေပြီ။ အခုထိဖြစ်နေတုန်းဘဲ။ စစ်သားတွေ ဒေါ့ဖုန်းယာန်ဘက်ကိုတက်လာတာ KIA က ဝင်ပစ်တာဟုတ်တယ်။ လက်နက်ကြီးကော လက်နက်သံတွေ အကုန်ကြားရတယ်။ KIA ကတော့ လမ်းမှာစောင့်ပြီး ဝင်ပစ်တယ်ဆိုတော့ ဗမာစစ်သားဘက် ထိခိုက်ဖို့များတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေပြီး ၂ ဖက်စလုံး ထိခိုက်မှုအသေးစိတ်မသိရသော်လည်း အကြမ်းဖက်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ကြောင်း ဆိုသည်။

အလော့ဘွမ်တောင်ခြေဖြစ်သော ဒေါ့ဖုန်းယန်မြို့အနီးတွင် တိုက်ပွဲမဖြစ်ပဲ ငြိမ်သက်နေသည်မှာ ၁၀ ရက်ခန့်ကြာပြီးနောက် ယခု ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...