ဒီမော့ဆိုမြို့မှာ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားတဲ့ Free Burma Ranger - Karenni အဖွဲ့ဝင်တစ်ဦးကျဆုံးပြီး KPDF အဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိ

ဒီမော့ဆိုမြို့မှာ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားတဲ့ Free Burma Ranger - Karenni အဖွဲ့ဝင်တစ်ဦးကျဆုံးပြီး KPDF အဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိ

ဒီမော့ဆိုမြို့မှာ စစ်ရှောင်ပြည်သူဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားတဲ့ Free Burma Ranger (Karenni) အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ FBR (Karenni) အဖွဲ့ဝင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို အတည်ပြုပြောပါတယ်။

“အဓိကကတော့ Free Burma Ranger အဖွဲ့ဝင်တစ်ဦးဖြစ်တယ်ပေါ့နော်၊ ကျတော်တို့နဲ့အတူ ဒီမော့ဆိုမှာရှိတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့သွားရင်း လမ်းမှာတိုက်ပွဲဖြစ်တာ၊ ကျသွားတာပေါ့။ ဒေါငံခါးလမ်းခွကနေ တံတားဖြူတံတားနားမှာ တိုက်ပွဲဖြစ်တယ်ပေါ့၊ အဓိက ကတော့ အဲ့မှာ စစ်တပ်ကနေပြီးတော့ ကင်းလှည့်တာလား၊ ရိက္ခာတွေလိုက်ယူနေတာလားမသိဘူး၊ တစ်အိမ်တက်တစ်အိမ်ဆင်း လုပ်နေတာတွေ့ရတယ်ပေါ့။ အဲ့မှာ ကျတော်တို့အဖွဲ့နဲ့ ထိပ်တိုက်တိုးတာပေါ့၊ တိုးရင်းနဲ့ ပစ်ခတ်ရင်းနဲ့ ကျတော်တို့လူတစ်ယောက်နဲ့အတူ PDF အဖွဲ့ဝင် သုံးယောက်လောက် ဒဏ်ရာရမယ်လို့ ယူဆရတယ်။ လောလောဆယ် ကျတော်တို့တော့ တစ်ယောက်ပဲတွေ့သေးတယ်၊ နှစ်ယောက်ကို လိုက်ရှာနေသေးတယ်” လို့ ၎င်းကပြောပါတယ်။

ကျဆုံးသွားသူမှာ All Lo Sein (Olson) အမည်ရှိသူဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်ရှိသူဖြစ်ပါတယ်။

ဒီမော့ဆိုမြို့မှာ နေ့ခင်း ၁၁ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေပစ်ခတ်မှုရှိခဲ့ပြီးနောက် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ၁ နာရီခွဲအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

"ပစ်ခတ်မှုကတော့ နည်းနည်းပြင်းထန်တယ်၊ ကျတော်တို့ဖက်လက်နက်က တူမီးတွေ မောင်းပြန်တွေမပါဘူးပေါ့နော်၊ ဒါပေမယ့် ဟိုဖက်ကတော့ ကျတော်တို့ကို ၇၉ တွေနဲ့လည်းပစ်တယ်၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ ဆက်တိုက်ပစ်တယ်။ ကျတော်တို့ အခြေအနေသိပ်မဟန်တော့ ပြန်ဆုတ်လိုက်ရတယ်။ ၃ ဦးကတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်ပေါ့နော်၊ ကျလားမကျလားမသိသေးဘူး၊ နှစ်ဦးကတော့ လိုက်ရှာနေတုန်းပေါ့" လို့ မြေပြင်မှာရောက်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့က တွေ့တဲ့နေရာမှာ ပစ်ခတ်ကြတဲ့အခြေအနေဖြစ်ပြီး စစ်ကောင်စီဖက်က နေ့စဉ် မြို့တွင်းရပ်ကွက်တွေမှာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီးမောဆိုမြို့နယ်ရှိ ငုပလော့ကျေးရွာမှာ စစ်ဘေးရှောင်တဲ့နေရာကနေ ရိက္ခာပြန်ယူတဲ့ လူငယ်နှစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီက  ယနေ့နံနက်ပိုင်းမှာ ပစ်သတ်လိုက်ပါတယ်။

“စစ်ဘေးရှောင်စခန်းကနေရာလည်း ရိက္ခာတွေ အခက်အခဲဖြစ်နေတယ်ပေါ့။ သူတို့က သူတို့ရွာမှာကျန်တဲ့ ပစ္စည်းလေးတွေ၊ အသီးအရွက်လေးတွေ၊ စားစရာလေးတွေကို ဆင်းယူတာ၊ ဆင်းယူတော့ စစ်ကောင်စီနဲ့တွေ့တာပေါ့၊ တွေ့တော့ အစစ်ဆေး၊ အမေးမြန်းလည်းမရှိပဲ ဒီအတိုင်းပဲ ပစ်လိုက်တာပေါ့။ နှစ်ယောက်လုံး ပွဲချင်းပြီးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယနေ့ မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီနဲ့ ၈ နာရီကြားထဲမှာ အပစ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နေ့စဉ် တိုက်ပွဲပြင်းထန်လျက်ရှိနေကာ နှစ်ဖက်ကျဆုံးမှုလည်း ရှိနေပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...