ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး

ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး

ယမန်နေ့ မေလ ၂၆ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်တွင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခတ်ခံရပြီးနောက် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ခုသေတဲ့ ၄ ယောက်က ပြည်သူ့စစ်လား၊ ဒေသခံ‌လားဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲမှာ လမ်းတွေလည်း အားလုံးပိတ်ထားပြီ၊ ဘယ်သူ့မှ ထွက်လို့မရ‌တဲ့အခြေနေဖြစ်နေတော့ သေတာ ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူး၊ ၄ ယောက်သေတာတော့ မှန်တယ်" ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏နေအိမ်အား အမည်မသိအဖွဲ့တစ်ဖွဲ့မှ ကားဖြင့်ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်သည်။

"သေတာက ၄ ယောက်၊ ‌ပြီးတော့ လောပန်းတစ်ယောက်က အဲမှာလာနေတာထင်တယ်၊ လောပန်းတစ်‌ယောက်တဲ့၊ သူက ဒဏ်ရာရတယ်လို့ကြားရတယ်" ဆိုပြီးပြောသည်။

ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရွာတွင်းရှိ ဈေးများ၊ လမ်းမများပေါ်တွင် ပစ်ခတ်မူများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန် ရှဒူးဇွပ်ကျေးရွာအတွင်း လမ်းများအားလုံးကိုပိတ်ထားကာ မည်သူတစ်ဦးတစ်ယောက်မှ အပြင်ထွက်ခွင့်မရှိပဲ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...