ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး

ရှဒူးဇွပ် (Ja Htu Zup) ပြည်သူ့စစ်ခေါင်း‌ဆောင်နေအိမ် ပစ်ခတ်ခံရမှု လူ ၄ ဦးသေဆုံး

ယမန်နေ့ မေလ ၂၆ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်တွင် ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင်နေအိမ် သေနတ်ပစ်ခတ်ခံရပြီးနောက် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ခုသေတဲ့ ၄ ယောက်က ပြည်သူ့စစ်လား၊ ဒေသခံ‌လားဆိုတာ တိတိကျကျမသိရသေးဘူး။ ရွာထဲမှာ လမ်းတွေလည်း အားလုံးပိတ်ထားပြီ၊ ဘယ်သူ့မှ ထွက်လို့မရ‌တဲ့အခြေနေဖြစ်နေတော့ သေတာ ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူး၊ ၄ ယောက်သေတာတော့ မှန်တယ်" ဆိုပြီး ဒေသခံတစ်ဦးကပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်၏နေအိမ်အား အမည်မသိအဖွဲ့တစ်ဖွဲ့မှ ကားဖြင့်ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်သည်။

"သေတာက ၄ ယောက်၊ ‌ပြီးတော့ လောပန်းတစ်ယောက်က အဲမှာလာနေတာထင်တယ်၊ လောပန်းတစ်‌ယောက်တဲ့၊ သူက ဒဏ်ရာရတယ်လို့ကြားရတယ်" ဆိုပြီးပြောသည်။

ပြည်သူ့စစ်နေအိမ် သေနတ်ပစ်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရွာတွင်းရှိ ဈေးများ၊ လမ်းမများပေါ်တွင် ပစ်ခတ်မူများပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန် ရှဒူးဇွပ်ကျေးရွာအတွင်း လမ်းများအားလုံးကိုပိတ်ထားကာ မည်သူတစ်ဦးတစ်ယောက်မှ အပြင်ထွက်ခွင့်မရှိပဲ စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...