လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရုံးခန်း မီးလောင်ကျွမ်းမှုဖြစ်ပွား

လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ရုံးခန်း မီးလောင်ကျွမ်းမှုဖြစ်ပွား

လွိုင်ကော်မြို့၊ လောပိတ အမှတ် (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ ရုံး ဒီကနေ့ နံနက် ၃ နာရီကျော်အချိန်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

"ရွာကနေ မီးလောင်တာတွေ့ရတယ်၊ တော်တော်ကြီးတယ်၊ နာရီဝက် တစ်နာရီနီးပါးထင်တယ်၊ လောင်တာ။ အခုဆို စစ်သားတွေလာကြည့်တယ်လေ၊ သူတို့ဝတ်စုံနဲ့။ စစ်ကားတော့မဟုတ်ဘူး၊ ရိုးရိုးကားနှစ်စီးနဲ့" လို့ အနီးတစ်ဝိုက်ကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါရုံးက လောပိတ ၁၀ မိုင်ဂိတ်အနီးနားမှာတည်ရှိပြီး စစ်ကောင်စီမှ တပ်စွဲထားတဲ့နေရာတွေဖြစ်ပါတယ်။

ဒေသခံတစ်ဦးရဲ့ပြောဆိုချက်အရ မီးလောင်ပြီးတဲ့နောက်မှာ စစ်ကောင်စီဖက်က အိမ်စီးကားနဲ့လာပြီး အခြေအနေကို ကြည့်ရှုခဲ့တာပဲဖြစ်ပါတယ်။

မီးလောင်ရတဲ့အခြေအနေအသေးစိတ်ကိုတော့ အခုအချိန်ထိ မသိရှိရသေးပါဘူး။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...