စစ်အုပ်စုက ရွာသားအချို့ကို မတရားဖမ်းဆီးပြီး ပစ္စည်းများလုယူ

စစ်အုပ်စုက ရွာသားအချို့ကို မတရားဖမ်းဆီးပြီး ပစ္စည်းများလုယူ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောကျေးရွာအုပ်စု မော်ကြီးကျေးရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရွာသားအချို့ စစ်အုပ်စု၏ မတရားဖမ်းဆီးခံရပြီး ပစ္စည်းများလုယူခံရကြောင်း သိရပါတယ်။

ယနေ့ မွန်းလွဲပိုင်းတွင် ရွာရှိ ကုန်စုံဆိုင်နှင့် လက္ဘရည်ဆိုင်တွဲ၍ဖွင့်ထားသော စျေးဆိုင်တစ်ခုတွင် ရွာသူရွာသားများ လက်ဖက်ရည်သောက်နေကြစဉ် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရွာသား (၄) ဦးကို အကြမ်းဖက်ဖမ်းဆီးရိုက်နှက်ပြီး ဈေးဆိုင်ရှိ အရက်များနှင့် ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရွာသားလေးဦးမှာ မော်ကြီးရွာမှ (၃) ဦးနှင့် ဇာဒီရွာက (၁) ဦးတို့ဖြစ်ကြကာ လုယက်သွားသော ပစ္စည်းများကိုလည်း ယင်းရွာသားများကိုသာ သယ်ဆောင်ခိုင်းခဲ့ပြီး လက်ရှိတွင် ဖောင်းတောကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။

April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...
April 22, 2026
တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသက မင်္ဂလာပွဲတစ်ခုကို စစ်ကော်မရှင်တပ်...