စစ်အုပ်စုက ရွာသားအချို့ကို မတရားဖမ်းဆီးပြီး ပစ္စည်းများလုယူ

စစ်အုပ်စုက ရွာသားအချို့ကို မတရားဖမ်းဆီးပြီး ပစ္စည်းများလုယူ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဖောင်းတောကျေးရွာအုပ်စု မော်ကြီးကျေးရွာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော ရွာသားအချို့ စစ်အုပ်စု၏ မတရားဖမ်းဆီးခံရပြီး ပစ္စည်းများလုယူခံရကြောင်း သိရပါတယ်။

ယနေ့ မွန်းလွဲပိုင်းတွင် ရွာရှိ ကုန်စုံဆိုင်နှင့် လက္ဘရည်ဆိုင်တွဲ၍ဖွင့်ထားသော စျေးဆိုင်တစ်ခုတွင် ရွာသူရွာသားများ လက်ဖက်ရည်သောက်နေကြစဉ် စစ်အုပ်စုတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရွာသား (၄) ဦးကို အကြမ်းဖက်ဖမ်းဆီးရိုက်နှက်ပြီး ဈေးဆိုင်ရှိ အရက်များနှင့် ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ဖမ်းဆီးခံရွာသားလေးဦးမှာ မော်ကြီးရွာမှ (၃) ဦးနှင့် ဇာဒီရွာက (၁) ဦးတို့ဖြစ်ကြကာ လုယက်သွားသော ပစ္စည်းများကိုလည်း ယင်းရွာသားများကိုသာ သယ်ဆောင်ခိုင်းခဲ့ပြီး လက်ရှိတွင် ဖောင်းတောကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...