ဖယ်ခုံအရှေ့ဖက်ကမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်အတူ PNO ပူးပေါင်းပါဝင်ဟု PDF အဖွဲ့ပြော၊ PNO ငြင်းဆို

ဖယ်ခုံအရှေ့ဖက်ကမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်အတူ PNO ပူးပေါင်းပါဝင်ဟု PDF အဖွဲ့ပြော၊ PNO ငြင်းဆို

ရှမ်း/တောင်၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်း၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် နယ်စပ်ကြားရှိ ဆောင်နန်းခဲကျေးရွာအနီးမှာ ဒီနေ့ည ၆ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖက်ကနေ ပအိုဝ့်ဖြူလို့အသိများတဲ့ PNO တပ်တွေရဲ့ ပါဝင်လှုပ်ရှားမှုကို မြင်တွေ့ခဲ့ရတယ်လို့ အရှေ့ဖက်ကမ်း PDF အဖွဲ့ဝင်တစ်ဦးကပြောပေမယ့် PNO က ငြင်းဆိုထားပါတယ်။

ပအို့ဝ်အမျိုးသားအဖွဲ့အစည်း (PNO) ကတော့ သူတို့မဟုတ်ကြောင်း၊ သူတို့ဧရိယာထဲမှာသာနေထိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ရဲ့မေးမြန်းချက်မှာ ပြန်လည်ဖြေကြားထားပါတယ်။

”ကျနော်တို့ဒေသမှာပဲ ကျနော်တို့နေတယ်။ ကျနော်တို့ မသွားပါဘူးခမျာ့။ ကျနော်တို့ ဧရိယာထဲမှာပဲ ကျနေတယ်တို့နေတယ်” လို့ သူကပြောပါတယ်။

ဆောင်နန်းခဲရွာရဲ့အနီးမှာ ထီရိဆိုတဲ့ ပအိုဝ်းရွာမှာ PNO တပ်တွေ လှုပ်ရှားမှုတွေရှိနေခဲ့တာဆိုပေမယ့် စစ်ကောင်စီနဲ့ ခုဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ပအိုဝ်းစကားနဲ့ အမိန့်ပေးတာကြားခဲ့ရသလို သိမ်းဆည်းရရှိမိတဲ့ ဖုန်းကနေတစ်ဆင့်လည်း PNO တွေပါဝင်နေကြောင်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီနေ့လည်း သူတို့အမိန့်ပေးနေတာ ပအိုဝ်းစကားနဲ့ ပြောတာကောနော်။ အဲ့ဖက်က ပအိုဝ်းစကားနဲ့ အမိန့်ပေးနေတာ၊ ဗမာစစ်သားတော့မဖြစ်နိုင်ဘူး။ အဲ့ဒါ ကျနော်တို့ သူတို့ဖုန်းတစ်လုံးရတယ်။ လက်နက်နှစ်လက်ရတယ်။ အရှည်နှစ်လက်၊ အတိုတစ်လက်ပေါ့နော်။ အားလုံးပေါင်း သုံးလက်ပေါ့နော်။ အဲ့ဒါနဲ့ ဖုန်းတစ်လုံးရတယ်၊ ဖုန်းပြန်ဆက်လာတဲ့ခါကျတော့ ပအိုဝ်းအသံဝဲဝဲနဲ့ နောက်ပြီးတော့ ပအိုးဝ်စကားနဲ့ပြောတယ်။ ကျနော်တို့ သူကို ဘာဖြစ်လို့ တိုင်းရင်းသားအချင်းချင်း အဲ့လိုမျိုးလုပ်လဲလို့ ဘာညာ သူတို့ကိုပြောသေးတာပေါ့နော်။ အဲ့ဒါအတိအကျပဲ”

ဒီစစ်ကောင်စီတပ်တွေနဲ့ PNO တပ်တွေက အရှေ့ဖက်ကမ်းကနေတစ်ဆင့် မိုးဗြဲကို စစ်ကူသွားဖို့လာတာဖြစ်နိုင်ပြီး အရှေ့ဖက်ကမ်း PDF တပ်တွေနဲ့အရင် တိုက်ပွဲဖြစ်သွားတာဖြစ်နိုင်တယ်လို့ နောက်ထပ် အရှေ့ဖက်ကမ်း PDF အဖွဲ့ဝင်တစ်ဦးကလည်း ဆိုပါတယ်။

“ဒီအရှေ့ဖက်ကမ်းမှာ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလို့လည်း သူတို့တွက်ထားလားတော့ မသိဘူးပေါ့နော်။ အဲ့ဒါကို တစ်ရက်၊ နှစ်ရက်တော့ ထောက်လှမ်းမှုတွေလည်းရှိတယ်။ ရှေ့တစ်ရက်ကတော့ ရွာခံတွေပြောတာကတော့ ဆယ်ဘီးကားတွေနဲ့လည်း ခိုးပြီးတင်သွားတာမျိုးတွေရှိတာပေါ့နော် လွိုင်ကော်ဖက်ကိုပေါ့”

အဆိုပါတိုက်ပွဲဟာ တစ်နာရီကျော်လောက်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့မှ နှစ်ဦးသေဆုံးတာမြင်တွေ့ခဲ့ရပြီး PDF တပ်ဖွဲ့ဖက်မှလည်း နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆိုပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...