အာဏာသိမ်းစစ်တပ်က ကားနှင့်ဝင်တိုက်သည့် လဝက ဝန်ထမ်းလူငယ်တစ်ဦး သေဆုံး

အာဏာသိမ်းစစ်တပ်က ကားနှင့်ဝင်တိုက်သည့် လဝက ဝန်ထမ်းလူငယ်တစ်ဦး သေဆုံး

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်က လူငယ်တစ်ဦးကို ကားနှင့်ဝင်တိုက်လိုက်သဖြင့် ကားတိုက်ခံရသည့်လူငယ် သေဆုံးသွားကြောင်း သိရသည်။

မေလ ၂၂ ရက်နေ့ ပူတာအို မူလာရှီးဒီး ကြိုးတံတားဘက်မှပြန်လာသော စစ်ဗိုလ်အရာရှိ ၃ ဦးစီးလာသည့်ကားသည် လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးနေသောလူငယ်ကို ဝင်တိုက်လိုက်သည်ဟု ပူတာအိုဒေသခံတစ်ဦးထံမှ သိရသည်။

"စစ်သား ၃ ယောက်က မူလာရှီးဒီးကြိုး တံတားဘက်ကနေပြန်လာတာတဲ့။ လူငယ်ကို ကားနဲ့ဝင်တိုက်လိုက်တယ်။ စစ်ကားတော့မဟုတ်ဘူး။ သူတို့စီးတဲ့ကားက ဘရိတ်မကောင်းဘူးလို့တော့ပြောတာဘဲ။ ဖြစ်ဖြစ်ချင်းဘဲ စစ်သားတွေက သူတို့ရဲ့ စစ်ဆေးရုံခေါ်သွားပေးတယ်။ စစ်ဆေးရုံမှာကုလို့မရတော့ မြစ်ကြီးနားကို ပို့ဖို့သွားလိုက်တယ်။ ဆွမ်ပရာဘွမ့်လမ်းမကြီးမှာဘဲ ဆုံးသွားတယ်တဲ့" ဟု ပြောဆိုသည်။

သေဆုံးသွားသည့်လူငယ်မှာ အသက် ၃၀ အရွယ် လဝက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ပူတာအို လေယာဉ်ကွင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့အတွင်း စစ်တပ်က ဒေသခံပြည်သူများကို ကားနှင့်ဝင်တိုက်ပြီး နှစ်စဉ်နှစ်တိုင်း လူသေဆုံးမှုကို ကြုံနေရသည်ဟု သူဆက်ဆိုသည်။

စစ်တပ်၏ ကားတိုက်ခံရပြီး သေဆုံးသွားသော လူငယ်၏ရုပ်အလောင်း သဂြိုလ်သည့် ဆုတောင်းပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...