အာဏာသိမ်းစစ်တပ်က ကားနှင့်ဝင်တိုက်သည့် လဝက ဝန်ထမ်းလူငယ်တစ်ဦး သေဆုံး

အာဏာသိမ်းစစ်တပ်က ကားနှင့်ဝင်တိုက်သည့် လဝက ဝန်ထမ်းလူငယ်တစ်ဦး သေဆုံး

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်တပ်က လူငယ်တစ်ဦးကို ကားနှင့်ဝင်တိုက်လိုက်သဖြင့် ကားတိုက်ခံရသည့်လူငယ် သေဆုံးသွားကြောင်း သိရသည်။

မေလ ၂၂ ရက်နေ့ ပူတာအို မူလာရှီးဒီး ကြိုးတံတားဘက်မှပြန်လာသော စစ်ဗိုလ်အရာရှိ ၃ ဦးစီးလာသည့်ကားသည် လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီးနေသောလူငယ်ကို ဝင်တိုက်လိုက်သည်ဟု ပူတာအိုဒေသခံတစ်ဦးထံမှ သိရသည်။

"စစ်သား ၃ ယောက်က မူလာရှီးဒီးကြိုး တံတားဘက်ကနေပြန်လာတာတဲ့။ လူငယ်ကို ကားနဲ့ဝင်တိုက်လိုက်တယ်။ စစ်ကားတော့မဟုတ်ဘူး။ သူတို့စီးတဲ့ကားက ဘရိတ်မကောင်းဘူးလို့တော့ပြောတာဘဲ။ ဖြစ်ဖြစ်ချင်းဘဲ စစ်သားတွေက သူတို့ရဲ့ စစ်ဆေးရုံခေါ်သွားပေးတယ်။ စစ်ဆေးရုံမှာကုလို့မရတော့ မြစ်ကြီးနားကို ပို့ဖို့သွားလိုက်တယ်။ ဆွမ်ပရာဘွမ့်လမ်းမကြီးမှာဘဲ ဆုံးသွားတယ်တဲ့" ဟု ပြောဆိုသည်။

သေဆုံးသွားသည့်လူငယ်မှာ အသက် ၃၀ အရွယ် လဝက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းနှင့် ပူတာအို လေယာဉ်ကွင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့အတွင်း စစ်တပ်က ဒေသခံပြည်သူများကို ကားနှင့်ဝင်တိုက်ပြီး နှစ်စဉ်နှစ်တိုင်း လူသေဆုံးမှုကို ကြုံနေရသည်ဟု သူဆက်ဆိုသည်။

စစ်တပ်၏ ကားတိုက်ခံရပြီး သေဆုံးသွားသော လူငယ်၏ရုပ်အလောင်း သဂြိုလ်သည့် ဆုတောင်းပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...