ဒီမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းတွင် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီအုပ်စုမှ ဝင်ရောက်ဖမ်းဆီး

ဒီမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းတွင် ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီအုပ်စုမှ ဝင်ရောက်ဖမ်းဆီး

ဒီမော့ဆိုမြို့ ငွေတောင်ကျေးရွာအုပ်စု၊ ဆည်မြောင်းမှာနေထိုင်တဲ့ ညီအစ်ကိုနှစ်ဦးကို ဒီကနေ့ မေလ ၁၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှာ နေအိမ်ထဲထိ စစ်ကောင်စီအုပ်စုမှ အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူငယ် ၂ ယောက် ပါသွားတယ်လို့တော့ သတင်းရတယ် အဲ့ ၂ ယောက်ရဲ့ အိမ်အနောက်ဖက်မှာလည်း မွှေပြီးလိုက်ဖမ်းတယ်လို့ကြားတယ်။ဖမ်းခံထိတာ ၂ ယောက်အပြင်ကို အခြားသူကော လိုက်ဖမ်းနေတာ လူငယ်တွေတော့ ထွက်ပြေးနေတယ်လို့ပြောတယ် ဒလန်တွေရဲ့ မကျေနပ်ချက်တွေလားတော့မသိဘူးပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားနှစ်ဦးကို လက်ထိပ်ခတ် သေနတ်နဲ့ချိန်ပြီး ဖမ်းဆီးခေါ်သွားသလို ကျန်တဲ့မိသားစုဝင်တွေကိုလည်း သေနတ်နဲ့ချိန်ထားတားယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

စစ်တပ်၊ ရဲ၊ အရပ်ဝတ်သူပါဝင်တဲ့ အင်အား ၁၀၀ ကျော်က လမ်းမှာတားဆီးထားတဲ့ အတားအဆီးတွေကိုရှင်းလင်းပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ ညီအစ်ကို ၂ ဦးမှာ ကျော်ဇောဟိန်းနဲ့ ကျော်ဇောသိန်းတို့ဖြစ်ကြပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်တွေမှာ ပါဝင်ကြသူတွေဖြစ်ပါတယ်။

၎င်းတို့ ၂ ဦးက ပြင်ပကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေကြသူဖြစ်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးခံရတာကို မသိရှိရသေးပါ။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...