မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်း ပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော

မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်း ပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော

အာဏာသိမ်းစစ်တပ်၏ တင့်ကားအပြင် စစ်အင်အားအများအပြားဖြင့် လုံခြုံရေးပေးကာ တင်ဆောင်လာသော ဆီသယ်ယာဉ်တန်း မြစ်ကြီးနားမြို့အဝင်တွင် ဗုံးဖေါက်ခွဲမှုခံရသော်လည်း ထိခိုက်ပျက်ဆီးခြင်းမျိုး မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် နမ္မတီးဘက်မှ တင့်ကား ၃ စီး၊ စစ်ကား ၅ စီးနှင့် ဆီဘောက်ဆာ ၆ စီး စုစုပေါင်း ၁၄ စီးပါဝင်သော ယာဉ်တန်းတက်လာချိန် အကျဲ (အကဲ) အဝင် ဆွတ်လုန်ခရုန်ဆီဆိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

သို့သော် ဆီသယ်ယာဉ်တန်းမရောက်ခင် လုံခြုံရေးယူနေသည့်အဖွဲ့ကို ဗုံးတစ်လုံးဖောက်ခွဲခဲ့ခြင်းသာဖြစ်သောကြောင့် ဆီဘောက်ဆာယာဉ်တန်းကို ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ဆီသယ်ယာဉ် ကား ၆ စီးလာမှာကို ကြိုတင်စောင့်တဲ့သဘောပေါ့။ ဘာမှ ထိခိုက်တာမရှိဘူးလို့ကြားတယ်။ ရှေ့က လုံခြုံရေး ၁၀ ယောက်လောက်ကိုပဲ ဗုံးသွားပစ်တော့ သေနတ်သံနည်းနည်းထွက်ကြတယ်။ အဲဒီသေနတ်သံတွေငြိမ်မှ ဆီသယ်ကားတွေက ဖြတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်ဘက်က ရဟတ်ယာဉ်တစ်စီးဖြင့် လမ်းကြောင်းတစ်လျှောက် လိုက်လံပျံဝဲခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး KIO ဗဟိုပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုမေးမြန်းရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအကြောင်း မကြားမိကြောင်း KNG ကို ပြောဆိုခဲ့သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...