မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်း ပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော

မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်း ပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော

အာဏာသိမ်းစစ်တပ်၏ တင့်ကားအပြင် စစ်အင်အားအများအပြားဖြင့် လုံခြုံရေးပေးကာ တင်ဆောင်လာသော ဆီသယ်ယာဉ်တန်း မြစ်ကြီးနားမြို့အဝင်တွင် ဗုံးဖေါက်ခွဲမှုခံရသော်လည်း ထိခိုက်ပျက်ဆီးခြင်းမျိုး မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက် ၉ နာရီခန့်တွင် နမ္မတီးဘက်မှ တင့်ကား ၃ စီး၊ စစ်ကား ၅ စီးနှင့် ဆီဘောက်ဆာ ၆ စီး စုစုပေါင်း ၁၄ စီးပါဝင်သော ယာဉ်တန်းတက်လာချိန် အကျဲ (အကဲ) အဝင် ဆွတ်လုန်ခရုန်ဆီဆိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

သို့သော် ဆီသယ်ယာဉ်တန်းမရောက်ခင် လုံခြုံရေးယူနေသည့်အဖွဲ့ကို ဗုံးတစ်လုံးဖောက်ခွဲခဲ့ခြင်းသာဖြစ်သောကြောင့် ဆီဘောက်ဆာယာဉ်တန်းကို ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ဆီသယ်ယာဉ် ကား ၆ စီးလာမှာကို ကြိုတင်စောင့်တဲ့သဘောပေါ့။ ဘာမှ ထိခိုက်တာမရှိဘူးလို့ကြားတယ်။ ရှေ့က လုံခြုံရေး ၁၀ ယောက်လောက်ကိုပဲ ဗုံးသွားပစ်တော့ သေနတ်သံနည်းနည်းထွက်ကြတယ်။ အဲဒီသေနတ်သံတွေငြိမ်မှ ဆီသယ်ကားတွေက ဖြတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်ဘက်က ရဟတ်ယာဉ်တစ်စီးဖြင့် လမ်းကြောင်းတစ်လျှောက် လိုက်လံပျံဝဲခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး KIO ဗဟိုပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကိုမေးမြန်းရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအကြောင်း မကြားမိကြောင်း KNG ကို ပြောဆိုခဲ့သည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...