နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ်စခန်းတွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ်စခန်းတွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောအနောက်ဘက် နောင်ကွမ်နှင့် မခွယ်ကျေးရွာဘက် အာဏာသိမ်းစစ်တပ်၏ ခမရ (၄၃၈) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်ည ၇ နာရီခွဲဝန်းကျင်ခန့်က ၂ ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ည ၉ နာရီလောက်အထိ ပစ်ခတ်ကြတယ်။ လက်နက်အကြီးအသေး အကုန်ကြားရတယ်။ စခန်းသိမ်းတဲ့အထိတော့မဟုတ်ဘူး။ စစ်တပ်ဘက် စစ်အင်အားအရမ်းများလာတော့ သွားပစ်တဲ့သဘောလောက်ဘဲရှိတယ်။ ထိခိုက်ဒဏ်ရာရတာက အတိအကျမသိရဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်ဘက်သည် အလောဘွမ့်တောင်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် စသောနေရာများတွင် စစ်အင်အား ၂၀၀၀ ခန့် တိုးချဲ့ထားသည့်အတွက် KIA က ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သူက သုံးသပ်ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ကလည်း မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သလို၊ အလော့ဘွမ်ဘက်ကိုလည်း ဂျက်တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...