နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ်စခန်းတွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

နောင်ကွမ်ကျေးရွာ အာဏာသိမ်းစစ်တပ်စခန်းတွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောအနောက်ဘက် နောင်ကွမ်နှင့် မခွယ်ကျေးရွာဘက် အာဏာသိမ်းစစ်တပ်၏ ခမရ (၄၃၈) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်ည ၇ နာရီခွဲဝန်းကျင်ခန့်က ၂ ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ည ၉ နာရီလောက်အထိ ပစ်ခတ်ကြတယ်။ လက်နက်အကြီးအသေး အကုန်ကြားရတယ်။ စခန်းသိမ်းတဲ့အထိတော့မဟုတ်ဘူး။ စစ်တပ်ဘက် စစ်အင်အားအရမ်းများလာတော့ သွားပစ်တဲ့သဘောလောက်ဘဲရှိတယ်။ ထိခိုက်ဒဏ်ရာရတာက အတိအကျမသိရဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်ဘက်သည် အလောဘွမ့်တောင်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် စသောနေရာများတွင် စစ်အင်အား ၂၀၀၀ ခန့် တိုးချဲ့ထားသည့်အတွက် KIA က ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သူက သုံးသပ်ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ကလည်း မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သလို၊ အလော့ဘွမ်ဘက်ကိုလည်း ဂျက်တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...