Non CDM ပညာရေးဝန်ထမ်းများအား CDM ပြန်ဝင်ကြရန် ကျောင်းသားသမဂ္ဂအဖွဲ့ သတိပေး

Non CDM ပညာရေးဝန်ထမ်းများအား CDM ပြန်ဝင်ကြရန် ကျောင်းသားသမဂ္ဂအဖွဲ့ သတိပေး

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် Non CDM ပညာရေးဝန်ထမ်းများအား မည်သည့်အကြောင်းကြောင့်ဖြစ်စေ CDM ပြန်လုပ်ဖို့ ကျောင်းသားသမဂ္ဂက ယမန်နေ့ မေလ ၉ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဒေါဒူကျေးရွာတွင်ပြုလုပ်သည့် မြို့နယ်လုံးကျွတ်သပိတ်၌ သတိပေးပြောကြားလိုက်သည်။

"Non CDM သမားတွေလည်း မှတ်ထားပေးကြပါ။ ကိုယ်ကောင်းရင် ကိုယ်ဆောင်ရမယ်။ ကိုယ်မကောင်းရင် ကိုယ်ခံရမယ်ဆိုတာ မှတ်ထားရမယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ ဒုတိယအကြိမ် ကျနော်တို့ သတိပေးလိုက်မယ်။ ဘာလဲဆိုတော့ ကျနော်တို့ CDM ကို ပြန်ပြီးတော့ ကူးပြောင်းပေးပါလို့ ပြောချင်တယ်။ အဓိက က ဒီလာမယ့် စစ်ကောင်စီမိန့်ကြားလိုက်လို့ ကျောင်းပြန်တက်တဲ့နေ့မှာ ကျောင်းမလာဖို့ ကျနော် တောင်းဆိုချင်တာပါ" ဟုဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း Non CDM ပညာရေးဝန်ထမ်း ၁၆၇ ဦးရှိပြီး ပြန်လည်ပူးပေါင်းပေးရန် ဒီးမော့ဆို CDM ဆရာ/မများအဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှလည်း ထုတ်ပြန်တောင်းဆိုထားသည်။

ဧပြီလ၏ လစာငွေကို ထုတ်ယူမိသောကြောင့် CDM မှ Non CDM ဖြစ်သွားသော ဝန်ထမ်းများကို စစ်ကောင်စီ၏အမိန့်ကို မနာခံပဲ ကျောင်းအပ်လက်ခံခြင်း၊ တက်ပျက်စာရင်းပေးပို့ခြင်းများကို မပြုလုပ်ပဲ ပြန်လည်ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း ဝန်ထမ်းအားလုံး CDM ဆက်လက်ပြုလုပ်ကြဖို့ သပိတ်တွင် ယခုကဲ့သို့ ပြောကြားသွားပါသည်။

"စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြို့နယ်လုံးကျွတ်သပိတ်ကို အရှိန်မပြတ်ပြုလုပ်နေတဲ့ ဒီးမော့ဆိုမှာ ပညာရေးသပိတ်စစ်ကြောင်းလည်း အမြဲပါဝင်နေတာကို တွေ့ရပါတယ်။ Non CDM ဘာလို့လုပ်သွားလဲ ကျနော်မေးချင်ပါတယ်။ ဝန်ထမ်းအားလုံး ဘာလို့လုပ်သွားလဲ ဘာအခက်အခဲရှိလဲပေါ့။ ကျနော်တို့မှာ အားလုံးလိုလိုက လယ်သမားသားသမီးတွေပါပဲ။ စားဖို့ ဆန်အပြည့်ရှိပါတယ်။ မငတ်ပါဘူး။ သူများလိုမျိုး။ ဆန်မဝယ်စားရပါဘူး။ အများအားဖြင့် စားစရာရှိရဲ့သားနဲ့ အဲ့ဒီပိုက်ဆံ၊ ရာထူးတွေကို မက်မောနေကြတာလားလို့ ကျနော်ပြောချင်ပါတယ်။ ဒီအချိန်မှာ လစာ၊ ရာထူးဆိုတာ အလကားပါပဲ" ဟုပြောသည်။

အာဏာသိမ်းစစ်ကောင်စီက CDM ပြုလုပ်နေသော ဝန်ထမ်းများကို ဥပဒေပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အလုပ်မှ ထုတ်ပယ်ခြင်းများလည်းပြုလုပ်ကြောင်း သိရသည်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...