လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ်

လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် NUG က ကယန်းတိုင်းရင်းသား ဗဟန်းထန် ကိုခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအတွက် ဒုတိယဝန်ကြီးအဖြစ် ကယန်းတိုင်းရင်းသား ဗဟန်းထန် ကို ခန့်အပ်လိုက်သည်။

တော်လှန်ရေးမိဘနှစ်ပါးမှ မွေးဖွားလာသည့် အသက် ၃၉ နှစ်အရွယ် တစ်ဦးတည်းသောသားဖြစ်ပါသည်။

၂၀၁၀ ခုနှစ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျောင်းပြီးခဲ့သူဖြစ်ပါသည်။

ယခင်က မိခင်အဖွဲ့အစည်းဖြစ်သည့် ကယန်းပြည်သစ်ပါတီတွင် ပြည်တွင်း/ပြည်ပ မဟာမိတ်ဆက်ဆံရေးအပိုင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရပါသည်။

“တာဝန်ပေးအပ်တဲ့အပေါ်မှာတော့ နိုင်ငံရေးရဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေအရ မိခင်အဖွဲ့အစည်းရဲ့ တာဝန်ပေးအပ်လာတဲ့အတွက် ဘယ်မှာပဲရောက်ရောက် ကျရာအခန်းကဏ္ဍကနေ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံး ထမ်းဆောင်ပေးပါ့မယ်၊ ပါဝင်ပေးပါ့မယ်၊ NUG ရဲ့ကမ်းလှမ်းမှုကို လက်ခံဖြစ်သွားတာပေါ့။ မိခင်အဖွဲ့အစည်းကနေတဆင့် KSCC က Nominate လုပ်တယ်ပေါ့နော Nominate လုပ်ပြီးမှ တခါပြန်တင်တယ်ပေါ့နော” ဟု ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဗဟန်းထန်က ပြောပါသညိ။

ကရင်နီတိုင်းရင်းသားထဲမှ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် ဒုတိယဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်မည့်သူများမှာ ခူးထဲဘူး (ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန)၊ ဦးချစ်ထွန်း (ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန)၊ ခွန်းဘီထူး (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဗဟန်းထန် (လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန) တို့ဖြစ်ကြပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး စုစုပေါင်း (၆) ဦးကို မေလ ၃ ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...