ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူ သုံးဦးကို ဖမ်းဆီးထား

ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်မှ ပြည်သူ သုံးဦးကို ဖမ်းဆီးထား

ရှမ်း/တောင်၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီတပ်ရဲ့ ရဲကား၁ စီးနဲ့ စစ်တပ်ကား ၄ စီးဖြင့် တပ်ဖွဲ့အင်အား ၃၀ လောက်က ဖယ်ခုံမြို့ခံ ပြည်သူသုံးဦးကို မနေ့ ၂၈ ရက်နေ့ ညနေပိုင်း ၃ နာရီ ဝန်းကျင်အချိန်လောက်မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“အဖမ်းခံရတဲ့ သုံးယောက်ထဲမှာ ဆိုလို့ရှိရင် မနှင်းနှင်းဦးဆိုတဲ့ မိန်းကလေးတစ်ယောက်ခါကျတော့ မနေ့ည ၃ နာရီကတည်းက ဖမ်းတယ်။ နောက် သူအဖေလည်း အဲ့ဒီ မနေ့ညမှာ ဖမ်းတယ်။ နောက် ဦးအေးရွှေဆိုတဲ့ သူခါကျတော့ အဲ့ဒီတစ်ညနေတည်းမှာပဲ သူတို့ဖမ်းတယ်။ ညနေပိုင်းမှာပဲ အကုန်ဖမ်းသွားတယ်။”လို့ ဖယ်ခုံမြို့ခံတစ်ဦးက ပြောပါတယ်။

အဆိုပါကဲ့သို့ ဖမ်းဆီးခံရတဲ့အထဲမှာ ဦးထွန်းအေးနှင့် သမီးဖြစ်သူ မနှင်းနှင်းဦးကို CDM အစီအစဥ်ကို ကူညီတဲ့ သံသယနဲ့ ဖမ်းဆီးထားပြီး ကိုအေးရွှေဆိုသူကိုတော့ သပိတ်အားပေးအားမြောက်မှုသံသယနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့၊ ညောင်ပင်သာရပ်ကွက်နဲ့ မြို့ကုန်းရပ်တွေမှာ ပြုလုပ်ထားတဲ့ ပြည်သူ့လုံခြုံရေးအတားအဆီးတွေကို စစ်ကောင်စီတပ်တွေက ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...