ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ

ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ

ဧပြီလ ၂၈ရက်နေ့မှစကာ အကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။

ယခင်က ဖားကန့်၌ 92 ဓါတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်နှုန်းရှိသည်။

လက်ရှိ‌ ဆီဈေးမြှင့်တက်နေသည့် အခြေအနေကြားမှ အချို့စက်သုံးဆီဆိုင်များ၌ ရောင်းချစရာ ဆီလက်ကျန်ပင်မရှိတော့ကြောင်း သိရသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ဆီအပြင် အခြားကုန်စည်များပါ အဝင်ရပ်တန့်ထားမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြပြီး ရိက္ခာစုဆောင်းသူများ များပြားလာသည်။

ဖားကန့်ဒေသသည် ကျောက်စိမ်းတွင်းများကိုသာ အဓိက အားထားရာဒေသဖြစ်သည့်အတွက် စားနပ်ရိက္ခာအပြင် ကုန်စည်များအား အခြားဒေသများမှ တင်သွင်းကြရသည်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...