ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ

ဖားကန့်တွင် စက်သုံးဆီများ တစ်ဂါလံ ၉၀၀၀ကျပ်ဖြင့်ရောင်းချနေ

ဧပြီလ ၂၈ရက်နေ့မှစကာ အကြမ်းဖက်စစ်ကောင်စီမှ ဖားကန့်သို့ စက်သုံးဆီအဝင်ရပ်တန့်လိုက်သည့်အတွက် ဆီအရောင်းဆိုင်များမှ လက်ကျန်ဆီများကို တစ်ဂါလံ ၉၀၀၀ ကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချနေကြပြီး လူထုမှ တန်းစီဝယ်ယူနေကြရသည်။

ယခင်က ဖားကန့်၌ 92 ဓါတ်ဆီ တစ်ဂါလံလျှင် ၄၅၀၀ ကျပ်နှုန်းရှိသည်။

လက်ရှိ‌ ဆီဈေးမြှင့်တက်နေသည့် အခြေအနေကြားမှ အချို့စက်သုံးဆီဆိုင်များ၌ ရောင်းချစရာ ဆီလက်ကျန်ပင်မရှိတော့ကြောင်း သိရသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ ဆီအပြင် အခြားကုန်စည်များပါ အဝင်ရပ်တန့်ထားမည်ကို ဒေသပြည်သူများက စိုးရိမ်နေကြပြီး ရိက္ခာစုဆောင်းသူများ များပြားလာသည်။

ဖားကန့်ဒေသသည် ကျောက်စိမ်းတွင်းများကိုသာ အဓိက အားထားရာဒေသဖြစ်သည့်အတွက် စားနပ်ရိက္ခာအပြင် ကုန်စည်များအား အခြားဒေသများမှ တင်သွင်းကြရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...