မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ

မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ

မြစ်ကြီးနားမြို့တွင် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်သော သပိတ်စစ်ကြောင်းအားလုံး ပေါင်းစည်းပြီး ‘မြစ်ကြီးနား လူထုသပိတ်စစ်ကြောင်း’ အဖြစ် တစ်ကြောင်းတည်းသာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်အုပ်စုမှ ဆန္ဒပြပြည်သူများအား လက်နက်ဖြင့် ဖြိုခွဲပစ်သတ်ခဲ့ပြီးနောက် မြို့တွင်းဆန္ဒဖော်ထုတ်မှုများကို ကျောင်းသားသမဂ္ဂများပါဝင်သော ပင်မသပိတ်စစ်ကြောင်း ၊ Generation Z လူငယ်များနှင့် အထွေအထွေသပိတ်စစ်ကြောင်း စသဖြင့် အင်အားခွဲကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ကျတော်တို့ ပေါင်းပြီးထွက်တာ နှစ်ကြိမ်ရှိပြီ။ အင်အားစုတွေပြန်လည်စုပြီးထွက်တာ ဟုတ်တယ်။ ကျတော်တို့ အစည်းအဝေးပြုလုပ်ပြီး အင်အားပူးပေါင်းလိုက်တာဖြစ်တယ်။ ခါတိုင်းကွဲနေတယ်ဆိုတာက စစ်ခွေးတွေ အလုပ်ရှုပ်အောင် ခွဲပြီးပြတာဟုတ်တယ်။” ဟု သပိတ်စစ်ကြောင်းအတွင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ယခင်က သပိတ်စစ်ကြောင်း ၂ ခု ၃ သုံးခုဖြင့် ဆန္ဒဖော်ထုတ်ခဲ့သူများလက်ရှိအချိန် အင်အားစုစည်းထားသော်လည်းအခြေအနေအရ ပုံသေသတ်မှတ်ထားမည် မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စုမှ ဆန္ဒပြ ပြည်သူလူထုအား ပစ်သတ်ဖြိုခွင်းမှုများပြုလုပ်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်သောသပိတ်စစ်ကြောင်းများ ပျောက်ကွယ်မသွားဘဲ မြို့နယ်တိုင်းတွင် နေ့စဉ်ပြုလုပ်နေသည်ကို တွေ့ရသည်။

ထိုအထဲတွင် ဖားကန့်မြို့ သပိတ်စစ်ကြောင်းများသည် လူအင်အားထောင်ချီပါဝင်သော အင်အားအများဆုံး သပိတ်စစ်ကြောင်းများဖြစ်သည်ကို သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...