မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ

မြစ်ကြီးနားရှိ သပိတ်အဖွဲ့များ စုပေါင်းကာ စစ်ကြောင်းတစ်ခုတည်းဖြင့် ဆန္ဒဖော်ထုတ်နေ

မြစ်ကြီးနားမြို့တွင် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်သော သပိတ်စစ်ကြောင်းအားလုံး ပေါင်းစည်းပြီး ‘မြစ်ကြီးနား လူထုသပိတ်စစ်ကြောင်း’ အဖြစ် တစ်ကြောင်းတည်းသာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်အုပ်စုမှ ဆန္ဒပြပြည်သူများအား လက်နက်ဖြင့် ဖြိုခွဲပစ်သတ်ခဲ့ပြီးနောက် မြို့တွင်းဆန္ဒဖော်ထုတ်မှုများကို ကျောင်းသားသမဂ္ဂများပါဝင်သော ပင်မသပိတ်စစ်ကြောင်း ၊ Generation Z လူငယ်များနှင့် အထွေအထွေသပိတ်စစ်ကြောင်း စသဖြင့် အင်အားခွဲကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ကျတော်တို့ ပေါင်းပြီးထွက်တာ နှစ်ကြိမ်ရှိပြီ။ အင်အားစုတွေပြန်လည်စုပြီးထွက်တာ ဟုတ်တယ်။ ကျတော်တို့ အစည်းအဝေးပြုလုပ်ပြီး အင်အားပူးပေါင်းလိုက်တာဖြစ်တယ်။ ခါတိုင်းကွဲနေတယ်ဆိုတာက စစ်ခွေးတွေ အလုပ်ရှုပ်အောင် ခွဲပြီးပြတာဟုတ်တယ်။” ဟု သပိတ်စစ်ကြောင်းအတွင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ယခင်က သပိတ်စစ်ကြောင်း ၂ ခု ၃ သုံးခုဖြင့် ဆန္ဒဖော်ထုတ်ခဲ့သူများလက်ရှိအချိန် အင်အားစုစည်းထားသော်လည်းအခြေအနေအရ ပုံသေသတ်မှတ်ထားမည် မဟုတ်ကြောင်း ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်အုပ်စုမှ ဆန္ဒပြ ပြည်သူလူထုအား ပစ်သတ်ဖြိုခွင်းမှုများပြုလုပ်ခဲ့သော်လည်း ကချင်ပြည်နယ်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်သောသပိတ်စစ်ကြောင်းများ ပျောက်ကွယ်မသွားဘဲ မြို့နယ်တိုင်းတွင် နေ့စဉ်ပြုလုပ်နေသည်ကို တွေ့ရသည်။

ထိုအထဲတွင် ဖားကန့်မြို့ သပိတ်စစ်ကြောင်းများသည် လူအင်အားထောင်ချီပါဝင်သော အင်အားအများဆုံး သပိတ်စစ်ကြောင်းများဖြစ်သည်ကို သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...