စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ

စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ

တနိုင်း လီဒိုလမ်းမပေါ် စံပြကျေးရွာရှိ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့် တပ်သားတစ်ဦးကို အရပ်ဝတ်ဖြင့် လူ ၂ ဦးက သေနတ်(တို) ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ဧပြီလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီခန့်အချိန် ပြည်သူ့စစ် တပ်စခန်းဝင်ဂိတ်စောင့် စစ်သည်တစ်ဦး ပစ်သတ်ခံရကြောင်း စံပြကျေးရွာ ဒေသခံတစ်ဦး ယခုလိုပြောသည်။

“အချိန်ကတော့ နေ့လည် ၁၂နာရီလောက်ဖြစ်မယ်။ အဲချိန် သေနတ်သံ ၂ချက်ကြားလိုက်တယ်။ အဲတော့ ပြည်သူ့စစ် တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။

ပြည်သူ့စစ် တပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိနိုင်သော နေရာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးရှိလူနေအိမ်များကိုလည်း စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်တပ်စခန်းမှာ ကျေးရွာအတွင်းတည်ဆောက်ထားသော စခန်းဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာ အာဏာသိမ်းစစ်တပ် ခလရ ၂၉၇ တပ်ရင်း၏ လက်အောက်တွင်ရှိသည်။

၎င်း ပြည်သူ့စစ်တပ်စခန်းကို ပြီးခဲ့သော မတ်လဆန်းပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...