စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ

စံပြကျေးရွာ ပြည်သူ့စစ် ဂိတ်စောင့်တပ်သားတစ်ဦး ပစ်ခတ်ခံရ

တနိုင်း လီဒိုလမ်းမပေါ် စံပြကျေးရွာရှိ အာဏာသိမ်းစစ်တပ်အောက် ပြည်သူ့စစ်တပ်စခန်း ဂိတ်စောင့် တပ်သားတစ်ဦးကို အရပ်ဝတ်ဖြင့် လူ ၂ ဦးက သေနတ်(တို) ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ဧပြီလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီခန့်အချိန် ပြည်သူ့စစ် တပ်စခန်းဝင်ဂိတ်စောင့် စစ်သည်တစ်ဦး ပစ်သတ်ခံရကြောင်း စံပြကျေးရွာ ဒေသခံတစ်ဦး ယခုလိုပြောသည်။

“အချိန်ကတော့ နေ့လည် ၁၂နာရီလောက်ဖြစ်မယ်။ အဲချိန် သေနတ်သံ ၂ချက်ကြားလိုက်တယ်။ အဲတော့ ပြည်သူ့စစ် တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။

ပြည်သူ့စစ် တပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိနိုင်သော နေရာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးရှိလူနေအိမ်များကိုလည်း စစ်ဆေးမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်တပ်စခန်းမှာ ကျေးရွာအတွင်းတည်ဆောက်ထားသော စခန်းဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာ အာဏာသိမ်းစစ်တပ် ခလရ ၂၉၇ တပ်ရင်း၏ လက်အောက်တွင်ရှိသည်။

၎င်း ပြည်သူ့စစ်တပ်စခန်းကို ပြီးခဲ့သော မတ်လဆန်းပိုင်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က လာရောက်ပစ်ခတ်မှုများ ရှိခဲ့သည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...