ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကောင်းချိုင့်ဝှမ်းဒေသ နမ့်ဗျူ (Nam Byu) ကျေးရွာအနောက်ဘက်ခြမ်းရှိ အင်းဂါးဂါးနှင့် စိန်ခွင်(၁)ကျေးရွာ ၂ခုတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေဖြစ်သော အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာ ၂ခုကြားတွင် ဧပြီလ ၁၅ ရက်နေ့ကစပြီး မရပ်မနား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အင်ဂါးဂါး ဒေသခံ တစ်ဦးက ပြောသည်။

” အခုထိဖြစ်ပွားနေတုန်း။ အရင်နေ့က နမ့်ဗျူ – နမ်ခမ့်မှာ တိုက်ကြတာဟုတ်တယ်။ အခုအဲ့မှာက KIA က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်။ အခုအင်ဂါးဂါးဒေသကို ပြန်သိမ်းယူဖို့ အခုထိတိုက်နေတုန်း သိမ်းတော့ မသိမ်းနိုင်သေးဘူးတဲ့” ဟု ပြောဆိုသည်။

လက်ရှိတွင် အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာတွင် လက်နက်ကြီးများဖြင့်  အပြန်အလှန် ပစ်ခတ်နေကြသည်ဟု သူကဆက်ဆိုသည်။

၂၀၁၈ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီက သိမ်းပိုက်ယူခဲ့သည့် နမ်ဗျူ- နမ့်ခမ်ဒေသကို KIA က ဧပြီလ ၁၅ရက်နေ့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ကချင်ပြည်နယ်အနှံတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...