ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ကောင်းချိုင့်ဝှမ်းဒေသ နမ့်ဗျူ (Nam Byu) ကျေးရွာအနောက်ဘက်ခြမ်းရှိ အင်းဂါးဂါးနှင့် စိန်ခွင်(၁)ကျေးရွာ ၂ခုတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

KIA တပ်မဟာ ၂ တပ်ရင်း ၁၄ နယ်မြေဖြစ်သော အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာ ၂ခုကြားတွင် ဧပြီလ ၁၅ ရက်နေ့ကစပြီး မရပ်မနား တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း အင်ဂါးဂါး ဒေသခံ တစ်ဦးက ပြောသည်။

” အခုထိဖြစ်ပွားနေတုန်း။ အရင်နေ့က နမ့်ဗျူ – နမ်ခမ့်မှာ တိုက်ကြတာဟုတ်တယ်။ အခုအဲ့မှာက KIA က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တယ်။ အခုအင်ဂါးဂါးဒေသကို ပြန်သိမ်းယူဖို့ အခုထိတိုက်နေတုန်း သိမ်းတော့ မသိမ်းနိုင်သေးဘူးတဲ့” ဟု ပြောဆိုသည်။

လက်ရှိတွင် အင်ဂါးဂါးကျေးရွာနှင့် စိန်ခွင် (၁) ကျေးရွာတွင် လက်နက်ကြီးများဖြင့်  အပြန်အလှန် ပစ်ခတ်နေကြသည်ဟု သူကဆက်ဆိုသည်။

၂၀၁၈ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီက သိမ်းပိုက်ယူခဲ့သည့် နမ်ဗျူ- နမ့်ခမ်ဒေသကို KIA က ဧပြီလ ၁၅ရက်နေ့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ကချင်ပြည်နယ်အနှံတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...