အကြပ်အတည်းကာလအတွင်း ပုဂ္ဂလိကချေးငွေများပြန်လည်ပေးသွင်းရန် အခက်ခဲရှိနေကြ

အကြပ်အတည်းကာလအတွင်း ပုဂ္ဂလိကချေးငွေများပြန်လည်ပေးသွင်းရန် အခက်ခဲရှိနေကြ

အရေးတော်ပုံကာလအတွင်း ပြည်သူတွေခက်ခဲနေသလို၊ CDM ပြုလုပ်တဲ့ဝန်ထမ်းတစ်ချို့ ကလည်း လစာမရတဲ့အတွက်ကြောင့် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေမှာ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အခက်အခဲရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့် ချေးငွေပြန်ဆပ်တာကို ခေတ္တရပ်ဆိုင်းထားပေးဖို့ ပြည်သူများက တောင်းဆိုကြပါတယ်။

ယခုလက်ရှိအချိန်ကာလမှာ လုပ်ငန်းလည်ပတ်မှုမရှိတာ၊  CDM ဝန်ထမ်းတွေ လစာမရတာတွေကြောင့် ငွေရေးကြေးရေးကြပ်တည်းကြတဲ့အပြင် စားဝတ်နေရေးမပြေလည်မှုတွေ ကြောင့် ချေးငွေပြန်ဆပ်ဖို့ ခက်ခဲနေတယ်လို့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ ကျမတို့ချေးငွေယူထားတာတော့ရှိတယ် အဲ့ဒီချေးငွေတွေကလည်း သူတို့ကအခုက မဆိုင်းငံထားပေးတဲ့အခါကျတော့ အကုန်လုံးဒုက္ခရောက်နေတယ်။ ဆန်တောင်မှ ဝယ်စားဖို့အဆင်မပြေဘူးဖြစ်နေတယ်။ ဘယ်လိုပြောမလဲဆိုရင် လစာငွေကလည်းမရတဲ့အတွက်ကြောင့်မလို့ပေါနော်။ အခုလိုဖြစ်နေတဲ့အချိန်မှာ သူတို့ကငွေကိုလာသွင်းဖို့ တစ်ချိန်လုံးပြောနေတဲ့အခါကျတော့ အင်မတန်မှ ဒုက္ခရောက်ပါတယ်။” လို့ပြောပါတယ်။

ကယားပြည်နယ်မှာ ချေးငွေလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း အကြောင်းအမျိုးမျိုးကြောင့် ချေးငွေများပြန်လည်ပေးသွင်းခြင်းကို လုံးဝရပ်ဆိုင်းထားဖို့အဆင်မပြေကြောင်း၊ လက်ရှိအကြပ်အတည်းကာလတွင် ငွေအရင်းကိုမဆပ်နိုင်သော်လည်း ငွေအတိုးကိုသာ ပေးသွင်းရန်လိုအပ်ကြောင်းပြောပါတယ်။

“ ကျမတို့ရုံးတွေအနေနဲ့ကလည်း လက်ရှိအချိန်မှာ ပိုက်ဆံတွေကို ပြန်ထုတ်ပေးနေရတာတွေလည်း ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ဘဏ်တွေကလည်းပိတ်ထားတော့ ပြန်လာပေးသွင်းတဲ့ငွေတွေနဲ့ပဲ ကျမတို့ကပြန်လည်ပတ်ရတာပေါ့။ ဒါပေမယ့် လုံးဝအဆင်မပြေတဲ့သူတွေကျတော့ လုံးဝရပ်နားပေးလိုက်တာမျိုးမဟုတ်ပဲ စာချုပ်အသစ်ပြန်ချုပ်ပြီးတော့မှ အတိုးပဲသွင်းပေါ့နော်။ အတိုးတွေဆိုရင် တစ်လတစ်လကို ထောင်ဂဏန်းလောက်ပဲကျတယ်လေး။ ကျမတို့ပုံမှန် အတိုးနဲ့အရင်းပြန်းပေးခိုင်းတဲ့အခါကျတော့ သူတို့အတွက်များတယ်ပေါ့နော်။ အခုလိုအဆင်မပြေတဲ့အချိန်မှာ လုံးဝရပ်နားပေးဖို့တော့အဆင်မပြေဘူး တာပေမယ့် အတိုးပဲကောက်ပြီးတော့မှ ဆက်လုပ်သွားပေးတယ်ပေါ့။ သူတို့အတွက်အဆင်ပြေအောင်ဆိုပြီး ညှိပေးတယ်။” လို့ ပုဂ္ဂလိကချေးငွေလုပ်ငန်းတစ်ခုကပြောပါတယ်။

အခြေခံလူတန်းစားတွေရဲ့ ဘဝမြင့်တင်ရေးအတွက် ချေးငွေလုပ်ငန်းများလုပ်ဆောင်နေကြတဲ့ ကယားပြည်နယ်အတွင်းက တစ်ချို့သော ပုဂ္ဂလိကချေးငွေလုပ်ငန်းတွေကလည်း ချေးငွေပြန်လည်ပေးသွင်းတာကို လုံးဝရပ်နားထားတာမဟုတ်ပဲ အတိုးကိုသာပြန်လည်ပေးသွင်းဖို့ ညွန်ကြားထားကြတယ်လို့ ဆိုပါတယ်။

Most read this week

ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )
February 25, 2026
အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်နဲ့ မိုလိုချောင်းက ရေတွေကို...
February 24, 2026
ကရင်နီပြည်ကြားကာလတရားစီရင်ရေးရဲ့တရားရုံးမှာ ၂၀၂၅ ခုနှစ် တနှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့...
February 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို"...
February 21, 2026
ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးဆီကို လူထုတွေက...