ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားပြီးနောက် အသက်သေဆုံးသွားခဲ့ရတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမျိုးလွင်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာ ၄မိုင်သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့ပါတယ်။
ဦးမျိုးလွင်ဦးနဲ့အတူ ဧပြီ ၅ ရက်နေ့မှာ လွိုင်ကော်မြို့တွင်း ပြည်သူ ၁၉ ဦး အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက ဦးမျိုးလွင်ဦးကို အသက်သေဆုံးလျက် နေအိမ်ကို ပြန်လာပို့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မိုင်းလုံးရပ်ကွက်က ပြည်သူတစ်ဦး ကျဆုံးခဲ့ရပြီး အခုဆိုရင် ကယားပြည်နယ်မှာ ကျဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ပါတယ်။







