စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသွားတဲ့ ဦးမျိုးလွင်ဦးရဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်

စစ်ကောင်စီလက်ချက်ကြောင့် ကျဆုံးသွားတဲ့ ဦးမျိုးလွင်ဦးရဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်

ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားပြီးနောက် အသက်သေဆုံးသွားခဲ့ရတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမျိုးလွင်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာ ၄မိုင်သုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့ပါတယ်။

ဦးမျိုးလွင်ဦးနဲ့အတူ ဧပြီ ၅ ရက်နေ့မှာ လွိုင်ကော်မြို့တွင်း ပြည်သူ ၁၉ ဦး အဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဧပြီလ ၆ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက ဦးမျိုးလွင်ဦးကို အသက်သေဆုံးလျက် နေအိမ်ကို ပြန်လာပို့ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မိုင်းလုံးရပ်ကွက်က ပြည်သူတစ်ဦး ကျဆုံးခဲ့ရပြီး အခုဆိုရင် ကယားပြည်နယ်မှာ ကျဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...