မိုးကောင်းတွင် ပြည်သူ ၂ဦးသေနတ် ပစ်ခတ်ခံရ

မိုးကောင်းတွင် ပြည်သူ ၂ဦးသေနတ် ပစ်ခတ်ခံရ

မိုးကောင်းမြို့တွင် ယနေ့ ည ၉ နာရီကျော်အချိန်တွင် အာဏာသိမ်းစစ်တပ်က သေနတ်ပစ်သဖြင့် ပြည်သူ ၂ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဒဏ်ရာရှိသူ ၂ဦးမှာ မိုးကောင်း-ကျွန်းတောရပ်ကွက်နေတွင်နေထိုင်သူ အမျိုးသမီးတစ်ဦးနှင့် ကျွန်းတောမှ မြို့ထဲသို့ ဆိုင်ကယ်ဖြင့်ဖြတ်လာသည့် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောဆိုသည်။

“ခြောက်ပစ်တယ်လို့ထင်တယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်ထိသွားတယ်။ အမျိုးသမီးက လက်မှာထိသွားတယ်။ အမျိုးသားက ခြေသလုံး ဒူးကိုထိသွားတယ်လို့သိရတယ်”ဟု ပြောဆိုသည်။

ဒဏ်ရာရ ၂ဦးအနက် အမျိုးသမီးမှာဆေးရုံမှာ ဆေးကုသခံယူနေပြီဖြစ်ကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...